ထားဝယ်မှာ စစ်ကောင်စီ နယ်လုံဝန်ကြီးယာဉ်တန်း တိုက်ခိုက်ခံရ

ထားဝယ်မှာ စစ်ကောင်စီ နယ်လုံဝန်ကြီးယာဉ်တန်း တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်ရှိ ရေလမ်းပေါ်မှာ စစ်ကောင်စီခန့် တနင်္သာရီတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လိုက်ပါလာတဲ့ယာဉ်တန်း တိုက်ခိုက်ခံလိုက်ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒီနေ့ သြဂုတ် ၁၅ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်လိုက်ပါလာတဲ့ လုံခြုံရေးယာဉ်တန်းကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တန်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရတာ ရှိပေမယ့် အခြေအနေအသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဒေသခံနေအိမ်တွေကို သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ပြီးနောက် အော်ဟစ်ဆဲဆိုတာတွေ လုပ်ဆောင်သွားတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ထားဝယ်အခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့တွေကတော့ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး မကြာမီအသေးစိတ်ထုတ်ပြန်ပေးမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

နယ်လုံဝန်ကြီး ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က တပ်အင်အား ၅၀ ကျော်နဲ့ ဆင်ဆိပ်သဲကျောက်လုပ်ငန်းခွင်တွေမှာ ဝင်ရောက်နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်ဟာ အရင်နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်း အဖမ်းခံရပြီးနောက် ၂၀၂၃ နှစ်အလယ်ပိုင်းမှာ တိုင်းနယ်လုံဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...