ထားဝယ်မှာ စစ်ကောင်စီ နယ်လုံဝန်ကြီးယာဉ်တန်း တိုက်ခိုက်ခံရ

ထားဝယ်မှာ စစ်ကောင်စီ နယ်လုံဝန်ကြီးယာဉ်တန်း တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်ရှိ ရေလမ်းပေါ်မှာ စစ်ကောင်စီခန့် တနင်္သာရီတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လိုက်ပါလာတဲ့ယာဉ်တန်း တိုက်ခိုက်ခံလိုက်ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒီနေ့ သြဂုတ် ၁၅ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်လိုက်ပါလာတဲ့ လုံခြုံရေးယာဉ်တန်းကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တန်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရတာ ရှိပေမယ့် အခြေအနေအသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဒေသခံနေအိမ်တွေကို သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ပြီးနောက် အော်ဟစ်ဆဲဆိုတာတွေ လုပ်ဆောင်သွားတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ထားဝယ်အခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့တွေကတော့ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး မကြာမီအသေးစိတ်ထုတ်ပြန်ပေးမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

နယ်လုံဝန်ကြီး ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က တပ်အင်အား ၅၀ ကျော်နဲ့ ဆင်ဆိပ်သဲကျောက်လုပ်ငန်းခွင်တွေမှာ ဝင်ရောက်နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်ဟာ အရင်နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်း အဖမ်းခံရပြီးနောက် ၂၀၂၃ နှစ်အလယ်ပိုင်းမှာ တိုင်းနယ်လုံဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...