ပြည်သူ့အခြေပြု ပညာရေးကျောင်းပေါင်း ၆၀၀၀ နီးပါး ဖွင့်လှစ်ထားတယ်လို့ NUG ပြော

ပြည်သူ့အခြေပြု ပညာရေးကျောင်းပေါင်း ၆၀၀၀ နီးပါး ဖွင့်လှစ်ထားတယ်လို့ NUG ပြော

နွေဦးတော်လှန်ရေး သုံးနှစ်ကျော်ကာလအတွင်း လွတ်မြောက်နယ်တွေနဲ့ စိုးမိုးနယ်မြေတွေမှာ ကြားကာလ ပြည်သူ့အခြေပြု အခြေခံပညာရေးကျောင်းပေါင်း ၆၀၀၀ နီးပါး ဖွင့်လှစ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေဝန်ကြီးဌာနက ဩဂုတ်လ ၁၄ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပညာသင်ခွင့် ဆုံးရှုံးခဲ့ရတဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် နွေဦးတော်လှန်ရေးက ရရှိလာတဲ့ လွတ်မြောက်နယ်မြေတွေနဲ့ စိုးမိုးနယ်မြေတွေမှာ မြေပြင်ကျောင်းတွေနဲ့ အွန်လိုင်း ပညာရေးကျောင်းတွေကို ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

NUG ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ ပြည်သူ့အခြေပြုပညာရေးကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ကျောင်းသူအရေအတွက် ခုနှစ်သိန်းငါသောင်းကျော် ရှိနေပြီး ပညာသင်ကြားပေးနေတဲ့ ဆရာ၊ဆရာမဦးရေ ခြောက်သောင်း ကျော်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

တစ်ဖက်မှာလည်း အခြေခံပညာအထက်တန်းအဆင့် BECA အောင်မြင်ပြီးတဲ့ ကျောင်းသားကျောင်းသူတွေကို ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ ဝင်ခွင့်လျှောက်ထားပြီး တက္ကသိုလ်ပညာ ဆက်လက်သင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တက္ကသိုလ်အဆင့် ပညာရေးကျောင်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းက တအာင်းပညာရေး အကယ်ဒမီ TEA ၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ပညာရေးကောင်စီတွေနဲ့ ချိတ်ဆက်ဆောင်ရွယ်နေတယ်လို့ ဆိုပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ ကြားကာလ တက္ကသိုလ်ပေါင်း ၂၀၁ ကျောင်းရှိပြီး လက်ရှိ တက္ကသိုလ်အသီးသီးမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း တစ်သိန်းကျော် ရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းက ကျောင်းသားကျောင်သူ စုစုပေါင်း ၈ သန်းကနေ ၁၁ သန်းအထိ ပညာသင့်ခွင့် ဆုံးရှုံးနေတယ်လို့ သုတေသနအဖွဲ့ ISP-Myanmar ရဲ့ ဖေဖော်ဝါရီလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။

August 31, 2026
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို...
August 31, 2026
မွန်ပြည်တွင် စီးပွားရေး လက်နက်ကိုင်အဖွဲ့များဖြစ်သည့် DKBA ၊ PC နှင့် BGF တို့သည်...
ဓာတ်ပုံ - MOI
August 29, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော် ကာလအတွင်း တရားဥပဒေ စိုးမိုးမှု...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...