စစ်ကောင်စီ ရေတပ်ကပစ်ခတ်လိုက်သည့်လက်နက်ကြီးကျ၍ သံတွဲ‌ဒေသခံ ၆ ဦးသေဆုံး

စစ်ကောင်စီ ရေတပ်ကပစ်ခတ်လိုက်သည့်လက်နက်ကြီးကျ၍ သံတွဲ‌ဒေသခံ ၆ ဦးသေဆုံး

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် မောင်ရွှေလေး စစ်ကောင်စီရေတပ်စခန်းက ပစ်ခတ်လိုက် သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၆ ဦးသေဆုံးသွားခဲ့သည်ဟု သိရသည်။

ဩဂုတ် ၁၀ ရက်က သစ်ကောက်ကျေးရွာတွင် အိမ်စောင့်ကျန်ခဲ့သော ဒေသခံများမှာ ဘုန်းကြီးကျောင်း၌ခိုလှုံနေကြစဉ်  ရေတပ်စခန်းက ပစ်ခတ်လိုက်သည့်လိုက်နက်ကြီး ကျရောက်ပေါက်ကွဲ၍  သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။

“ လက်နက်ကြီးကဘုန်းကြီးကျောင်းထဲက ကျသွားတာ။ တိုက်ပွဲကပြင်းနေတော့ ရွာမှာကျန်တဲ့လူတွေအားလုံး က ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာ။ အဲဒီအချိန်မှာ အခုလိုဖြစ်သွားတာ။ ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သိရ တယ်။ ဆက်သွယ်ရေးကလည်း ခက်ခဲတော့ အတိအကျမသိနိုင်သေးဘူး ” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

သစ်ကောက်ကျေးရွာမှာ မောင်ရွှေလေးရေတပ်စခန်းနှင့် ၂ မိုင်ခန့်သာဝေးပြီး ဒေသခံအများစုမှာ သံတွဲတပ်ရင်းများကို AAက သိမ်းပိုက်ထိန်းပြီးနောက် ဘေးလွတ်ရာသို့တိမ်းရှောင်ခဲ့ကြသော်လည်း ဒေသခံတချို့မှာ အိမ်စောင့်အဖြစ်ကျန်နေခဲ့ကြခြင်းဖြစ်သည်။

ငပလီအခြေစိုက် ခမရ ၅၆၆၊ မလရ ၅၅၊ သံတွဲလေဆိပ်၊ ဟိုတယ်ဇုန်နှင့် သံတွဲမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီး ကြွင်းကျန်မောင်ရွှေလေး ရေတပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိသည်။

စစ်ကောင်စီဘက်ကလည်း ရေတပ်စခန်းမကျရှံးရေး ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ အကြိတ်အနယ်ခုခံတိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။

“ စစ်ကောင်စီက ရခိုင်လို့မဟုတ်ဘူး တစ်နိုင်ငံလုံးမှာ နေစဉ်နဲ့အမျှ အရပ်သားတွေကို သတ်ဖြတ်နေတာဖြစ်တယ်။ ဒါက တိုက်ပွဲဇုန်/ ဒါက အရပ်သားနေထိုင်တဲ့နေရာလို့ မခွဲကြားတော့ဘူး။ ထင်ရင်ထင်သလိုလုပ်နေတာ။ အရှုံးကို လက်မခံဘဲ မိုက်တွင်းထဲကို ဆင်းမြဲဆင်းနေတယ်လို့မြင်တယ် ” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

သံတွဲတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ကြား ဧပြီ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၄) လနီးပါးကြာမြင့်လာပြီး တိုက်ပွဲအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၁၄၀ ကျော်ထက်မနည်းရှိသည်။

DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...