ပုလော မီးလောင်ချောင်းတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်

ပုလော မီးလောင်ချောင်းတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်

တနင်္သာရီတိုင်း ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဩဂုတ် ၈ ရက် မနက်အစောပိုင်းမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံကနေ သိရပါတယ်။

တပ်အင်အား ၂၀ ဝန်းကျင်ရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး  ပူးပေါင်းတပ်စွဲထားတဲ့ မီးလောင်ချောင်းကျေးရွာတပ်စခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက  မနေ့က မနက်အစောပိုင်းမှာ ဝင်ရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။

တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေရဲ့ ဝင်ရောက်ထိုးစစ် တိုက်ခိုက်မှုကြောင့် အချိန် ၂ နာရီနီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီးနောက် ဆက်လက်မခုခံနိုင်တော့တဲ့အတွက် စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့  မြိတ်ခရိုင် အမှတ် ၁ တပ် ရင်း ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် ကျေးရွာအတွင်းရှိ စစ်တပ်ခံစစ်နေရာတွေနဲ့ စာသင်ကျောင်းအတွင်း တည်ဆောက်ထားတဲ့ ဘန်ကာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပူး ပေါင်းတပ်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ မီးလောင်ချောင်းကျေးရွာက အရပ်သားပြည်သူတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲအတွင်း မီးလောင်ချောင်းကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦး လက်နက် ကြီးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီနေ့မှာတော့ ပုလောအခြေစိုက် အမှတ် ၁၇ ခြေလျင်တပ်ရင်းကနေ တပ်အင်အား ၃၀ ဝန်းကျင် ရောက်ရှိလာပြီး မီးလောင်ချောင်းတပ်စခန်းမှာ ပြန်လည်တပ်စွဲထားတယ်လို့ တော်လှန်ရေးအင် အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

May 28, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက် ပလက်ဖောင်းတွေပေါ်မှာ အရက်သေစာ သောက်စားတာ...
ဓာတ်ပုံ-MOI
May 27, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၅ အတွက် လူငယ် ၂၀၀...
May 26, 2026
ပဲခူးတိုင်း မုန်းမြို့နယ်အခြေစိုက် စစ်တပ်ဂိတ်စခန်း နှစ်ခုကို ဝင်ရောက်စီးနင်းပြီး...
May 25, 2026
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်း ရုတ်တရက် ဝင်ရောက်လာမှုနဲ့အတူ...