သံတွဲထောင်မှ အကျဉ်သား ၃၇၂ ဦးကို AA ကယ်ထုတ်၊ နိုင်ကျဉ်း ၄၀ ကျော်ကို လွှတ်ပေး

သံတွဲထောင်မှ အကျဉ်သား ၃၇၂ ဦးကို AA ကယ်ထုတ်၊ နိုင်ကျဉ်း ၄၀ ကျော်ကို လွှတ်ပေး

ရခိုင်ပြည်၊ သံတွဲမြို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း အာရက္ခတပ်တော်က ထိန်းချုပ်ပြီးနောက် သံတွဲအကျဉ်းထောင်မှ အကျဉ်သား ၃၇၂ ဦးကို လွတ်မြောက်ရာသို့ ကယ်ထုတ်ခဲ့ကြောင်း AA က ယမန်နေ့က ထုတ်ပြန်သည်။

ယင်းအထဲတွင် နိုင်ငံရေးအကျဉ်သား ၄၁ ဦးပါဝင်ကာ သူတို့အား  ဩဂုတ်လ ၆ ရက်နေ့မှစ၍ မိသားစုထံ လွှဲပြောင်းပေးနေကြောင်း သိရသည်။

“အခုအချိန်က လုံခြုံရေးအာမခံချက် အတိုင်းအတာတစ်ခုထိ ရှိနေပြီဖြစ်တာကြောင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို သူတို့နေအိမ်နဲ့ မိသားစုတွေဆီကို အခုလ ဩဂုတ် ၆ ရက်နေ့ကစလို့ ပြန်ပို့နေပါပြီ ” ဟု ထုတ်ပြန်ချက်က ဆိုသည်။

ယင်းအပြင် နိုင်ကျဉ်း ၄၁ ဦးအား ULA/AA ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများမှ အချက်အလက်များ ကောက်ယူပြီး လိုအပ်သည့် ကျန်းမာ‌ရေးစောင့်ရှောက်မှုများနှင့် အရေးပေါ်လိုအပ်ချက် ကူညီမှုများကိုလည်း လုပ်ဆောင်ပေးခဲ့သည်ဟု သိရသည်။

AA အနေဖြင့် အကျဉ်းသားများကို ကယ်ထုတ်နေစဉ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၅) ဦးသေဆုံးခဲ့ပြီး၊ နောက်ထပ် နိုင်ကျဉ်း ၂ ဦးမှာလည်း ပြင်းထန်ဒဏ်ရာများကြောင့် ဆေးကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

၎င်းအပြင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သည့် အကျဉ်းသားအမြောက်အများပါဝင်နေသဖြင့် ဆေးဝါးကုသပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း ဆိုသည်။

သံတွဲအကျဉ်းထောင်တွင် စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် ခိုး ဆိုးလုယက်မှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှု စသည့် ရာဇဝတ်မှုများကို ကျူးလွန်၍ ပြစ်ဒဏ်ကျခံနေကြသည့် အကျဉ်သားများရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ မဟုတ်သည့် အကျဉ်းသားများအား ဆက်လက်ထိန်းသိမ်းထားပြီး ၎င်းအကျဉ်းသားများ ကျူးလွန်ခဲ့သော ပြစ်မှုများကို ပြန်လည်စစ်ဆေးနေကာ တရားနည်းလမ်းကျကျ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သံတွဲမြို့ရှိ စစ်ကောင် တပ်စခန်းများအားလုံး၊ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစု တို့အား အာရက္ခတပ်တော်မှ ဇူလိုင် ၁၆ ရက်နေ့က အပြီးသတ် သိမ်းပိုက်ရရှိထားသည်ဟုလည်း ဖော်ပြသည်။

သို့သော်လည်း သံတွဲမြို့နယ်တွင် ကြွင်းကျန်စခန်းဖြစ်သော မောင်ရွှေလေး ရေတပ်စခန်းကို ဆက်လက်တိုက် ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...