လားရှိုးမြို့သို့ UWSA စစ်အင်အားထပ်ဖြည့်

လားရှိုးမြို့သို့ UWSA စစ်အင်အားထပ်ဖြည့်

သျှမ်းပြည် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ရခမ အခြေစိုက်ရာ လားရှိုးမြို့သို့ ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ စစ်အင်အား ထပ်မံဖြည့်တင်းလာကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဩဂုတ်လ ၇ ရက်) တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့သို့ ‘ဝ’တပ်ဖွဲ့ UWSA မှ တန့်ယန်း-မိုင်းရယ်ဘက်မှတဆင့် ကားကြီးများဖြင့် စစ်အင်အား အများအပြား ထပ်မံဖြည့်တင်းလာကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“မနေ့က ‘ဝ’အလံ ထောင်ထားတဲ့ ကားကြီးကော ကားသေးတွေကော (၁၀) စီးထက်မနည်း တက်သွားတယ်။ တန့်ယန်း-မိုင်းရယ်လမ်းကနေ လားရှိုးဘက် ညနေပိုင်းမှာ ဆက်သွားခဲ့တာ”ဟု စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ ‘ဝ’တပ်ဖွဲ့ UWSA မှ ထပ်မံအင်အားဖြည့်တင်းလာခြင်းနှင့် ပတ်သက်ပြီး ‘ဝ’ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းထံသို့ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

အလားတူ ဇူလိုင်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ရှိ ‘ဝ’ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ ‘ဝ’တပ်ဖွဲ့ UWSA ၏ မိုင်းမောမြို့ဘက်မှလာသည့် တပ်မ (၃၁၈) လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လားရှိုးမြို့နယ် မိုင်းကျက်၊ မိုင်းယော်ဘက်မှတဆင့် မြို့ပေါ်သို့ ပထမဆုံး ဝင်ရောက်တပ်စွဲခဲ့သည်။

ဩဂုတ်လဆန်းပိုင်းတွင်လည်း လားရှိုးမြို့ ရပ်ကွက်(၁၂) ရှိ လားရှိုးအကျဉ်းထောင်မှ ဝန်ထမ်းနှင့် မိသားစုဝင် (၁၂၀) ဦးခန့်ကို ‘ဝ’တပ်ဖွဲ့ UWSA မှ တိုက်ပွဲကြား ကယ်ထုတ်သွားပြီး မိုင်းရယ်မြို့သို့ ပို့ဆောင်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် လားရှိုးမြို့အခြေစိုက် ရမခ တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်စဉ် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း မိသားစုဝင် ၁၀၀၀ ခန့်ကို MNDAA နှင့် PDF ပူးပေါင်းတပ်က ပြန်လည်လွှတ်ပေးခဲ့ရာ ‘ဝ’တပ်ဖွဲ့ UWSA နှင့် သျှမ်းတပ် SSPP/SSA တို့က တဆင့်ကူညီ သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

‘ဝ’တပ်ဖွဲ့ UWSA မှ လားရှိုးမြို့ပေါ်သို့ စစ်အင်အား ထပ်မံဖြည့်တင်းလာခြင်းသည် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း၏ မြန်မာနိုင်ငံ လာရောက်မည့် ခရီးစဉ်အပြင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်များအကြား (၆) ကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲ ပြန်လည်စတင်ရန် စီစဉ်နေသည့် ကာလနှင့်လည်း တိုက်ဆိုင်နေသည့်အတွက် ထပ်မံစောင့်ကြည့်ရမည်ဖြကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...
ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...
ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...