လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်း အမှန်တကယ် ကျူးလွန်ခဲ့ဟုဆိုကာ ဆလိုင်းအိုက်ဇက်ခင်ကို ရာထူးမှ ထုတ်ပယ်

လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်း အမှန်တကယ် ကျူးလွန်ခဲ့ဟုဆိုကာ ဆလိုင်းအိုက်ဇက်ခင်ကို ရာထူးမှ ထုတ်ပယ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက်ခင်သည် ဌာနတွင်း လိင်ပိုင်း ဆိုင်ရာ ထိပါးနှောက် ယှက်ခြင်းကို အမှန်တကယ်ကျူးလွန်ခဲ့သည့်အတွက် လက်ရှိရာထူးမှ ထုတ်ပယ်လိုက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက  ဩဂုတ်လ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာ ပြုမှုခြင်းဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ ဗဟိုကော်မတီ ( PSHEA) က ဆလိုင်းအိုင်ဇက်ခင်၏ အမှုကို စာရွက်စာတမ်းသက်သေ၊ လူသက်သေ၊ မျက်မြက်သက်သေများဖြင့် စုံစမ်းစစ်ဆးမှု ပြုလုပ်ပြီးနောက် ထုတ်ပြန်ခြင်းဖြစ်သည်။

တိုင်းကြားခံရသူ ဆလိုင်းအိုက်ဇက်ခင်သည် တိုင်ကြားသူက မလိုလား၊ မနှက်သက်၊ စိတ်အနှောင့်အယှက်ကြီးစွာဖြစ်ရသော အပြုအမှုများကို ကြိမ်ဖန်များစွာ ထပ်တလဲလဲ လုပ်ဆောင်ခဲ့ကြောင်း ထင်ရှားသည့်အတွက် လိင်ပိုင်းဆိုင်ရာ ထိပါး နှောက်ယှက်ခြင်းကို အမှန်တကယ်ကျူးလွန်ခဲ့သည်ဟု ယင်းဗဟိုကော်မတီက ဆိုသည်။

ကျူးလွန်သူ၏ လုပ်ရပ်များသည် နိုင်ငံရပ်ခြား တစ်နေရာတွင် မြန်မာ့တော်လှန်ရေး အစိုးရရုံး၏ တာဝန်ခံရမည့် တာဝန် အရှိဆုံးသူက ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာထိပါး နှောက်ယှက်မှု၊ တာဝန်ခံခြင်း ကင်းမဲ့မှု ဖြစ်ကြောင်း ဗဟိုကော်မတီက ထုတ်ပြန်သည်။

အထူးသဖြင့် အကာအကွယ်ပေးရန် တာဝန်အရှိဆုံးသူက ကျူးလွန်ခြင်း ဖြစ်သောကြောင့် လုံးဝလက်သင့် မခံရမည့် ၊ ထိရောက် စွာ တုံ့ပြန်ရမည့်ကိစ္စဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆလိုင်းအိုက်ဇက်ခင်ကို ဌာနတွင်း လိင်ပိုင်း ဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းကို ကျူးလွန်ခဲ့ခြင်းကြောင့်  ဩဂုတ်လ ၁ ရက်မှစတင်၍ ရာထူးမှ ထုတ်ပယ်လိုက်ပြီးဖြစ်ကြောင်း  ဩဂုတ်လ ၃ ရက်မှာ ထုတ်ပြန်သည်။

နစ်နာသူနှင့် လုပ်ဖော်ကိုင်ဖက် မျက်မြင်သက်သေများကို သင့်လျော်သည့် အထောက်အပံ့ အစီအမံကို နိုင်ငံခြားရေး ဝန်ကြီးဌာန က လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။

ဆလိုင်းအိုက်ဇင်ခင်သည် NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယကိုယ်စားလှယ်ရုံး အတွင်းရေးမှူးအဖြစ် ၁၀ လကြာ တာဝန် ထမ်းဆောင်ခဲ့သော CDM ချင်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်စေမှုများ ကျူးလွန်းခဲ့ ကြောင်း သက်သေ အချက်အလက်များနှင့်တကွ ကာယကံရှင်အမျိုးသမီးက NUG နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့ ခြင်းဖြစ်သည်။

ထိုတိုင်ကြားချက်ကြောင့် NUG နိုင်ငံခြားရေးဝန်ကြီးဌာန က ဇွန်လ ၂၅ ရက်နေ့တွင် တာဝန်မှ ယာယီရပ်ဆိုင်းကြောင်းကြေညာထားသည်။

ဆလိုင်းအိုက်ဇက်ခင်သည် NLD အရပ်သားအစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေလအထိ ချင်းပြည်နယ် အစိုးရအဖွဲ့တွင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနမှ ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း၌ NUG နှင့် လက်တွဲကာ တော်လှန်ရေးတွင်ပါဝင်လျက်ရှိပြီး အမျိုးသားညီညွတ်ရေး NUG အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...