တနင်္သာရီမှာ ကျေးရွာ ၁၀ ရွာကျော်က ဒေသခံပြည်သူ တစ်သောင်းကျော် ရေဘေးသင့်

တနင်္သာရီမှာ ကျေးရွာ ၁၀ ရွာကျော်က ဒေသခံပြည်သူ တစ်သောင်းကျော် ရေဘေးသင့်

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာ ၁၂ ရွာနီးပါးက ဒေသခံပြည်သူ တစ်သောင်းကျော်ဟာ ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေဟာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်လာပြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာပါ။

ဇူလိုင် ၂၅ ရက်နေ့မှာတော့ မြစ်အနီးတစ်ဝိုက်က ကျေးရွာတွေဖြစ်တဲ့ ပဝ၊ အရှေ့မော်တုန်း၊ မြေမအုံ၊ ညောင်ပင်ကွင်း၊ ဘန်းသဲ၊ တနင်္သာရီ၊ လယ်သစ်၊ သာရဖုံနဲ့ တကူစတဲ့ ကျေးရွာ ၁၂ ရွာက ဒေသခံတစ်သောင်းကျော်ဟာ ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ရေဘေးသင့်ပြည်သူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်သာ ဘေးလွတ်ရာကို ပြောင်းရွှေ့နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်တယ်လို့ တွဲလက်ညီညီ စစ်ဘေးရှောင် ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် တနင်္သာရီမြစ်ရေဟာ စိုးရိမ်ရေအမှတ်ဖြစ်တဲ့ ၁၇ ပေ ကို ကျော်လွန်ခဲ့ပြီး အန္တရာယ်ရေအမှတ် ၂၄ ပေထက် တစ်ပေကျော် မြင့်တက်နေသလို မိုးဆက်ရွာသွန်းပါက မြစ်ရေအန္တရာယ် ကြီးမားလာနိုင်တာ ဖြစ်ပါတယ်။

ဒါအပြင် မြိတ်-တနင်္သာရီ-လမ်းပိုင်း နေရာတချို့မှာ ကားလမ်း ရေကျော်နေတာကြောင့် ကုန်တင်ကားကြီးတွေနဲ့ ခရီးသည်ကားတွေ ဖြတ်သန်းသွားလာလို့ မရတော့ဘဲ ပိတ်မိနေတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ ကျွန်စုမြို့နယ်ကနေ တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် အဲ့ဒီ အနီးတစ်ဝိုက်က ဒေသခံတွေဟာ ရေဘေးနဲ့ စစ်ဘေး အန္တာရယ်ကိုပါ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာ မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် မြို့ပေါင်း ၁၂ မြို့ထက်မနည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ရေဘေးသင့်ပြည်သူ သိန်းနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...
January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...
ဓာတ်ပုံ-CJ
January 30, 2026
ကရင်ပြည်နယ် စစ်ဆင်ရေးအတွက် စစ်ကော်မရှင်တပ်ဘက်က သံချပ်ကာကားတွေအပါအဝင် စစ်လက်နက်အပြည့်အစုံ၊...
ဓာတ်ပုံ-CJ
January 29, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်တဲ့ တောင်ဝိုင်းတောင် ဖြိုချမှုအပေါ်...