၁၀၂၇ စစ်ရေးဒုတိယလှိုင်းမှာ စစ်ကောင်စီကြောင့် ပြည်သူ ၇၆ ယောက်သေဆုံး၊ စစ်ဘေးရှောင် ၃ သောင်းကျော်လာ

၁၀၂၇ စစ်ရေးဒုတိယလှိုင်းမှာ စစ်ကောင်စီကြောင့် ပြည်သူ ၇၆ ယောက်သေဆုံး၊ စစ်ဘေးရှောင် ၃ သောင်းကျော်လာ

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းရဲ့ ၂၃ ရက်တာကာလအတွင်းမှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးပြည်သူ ၇၆ ယောက်အထိရှိလာပြီး ၁၁၂ ယောက်ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) ကနေ သိရပါတယ်။

ဒါဟာ ဇူလိုင်လ ၁၆ ရက်နေ့အထိ ဖြစ်ပြီး ၁၀၂၇ ဒုတိယလှိုင်းကတော့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာသာမက မန္တလေးတိုင်းထဲမှာပါ ဖြစ်ပွားနေတာပါ။

တိုက်ပွားဖြစ်ပွားနေတဲ့ မြို့တွေကတော့ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ ဖြစ်ပါတယ်။

အဲဒီ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေဟာ မန္တလေးတိုင်း၊ မိုးကုတ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကဖြစ်ပြီး စဉ့်ကူးနဲ့ မတ္တရာဘက်မှာလည်း ပြည်သူတွေရှိတဲ့နေရာကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ ရှိခဲ့ပါတယ်။

အခုအချိန်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MPDF) ဟာလည်း ၁၀၂၇ စစ်ဆင်ရေးရေးအဖြစ် TNLA နဲ့တွဲပြီး ရှမ်းပြည်နောက်မြောက်ပိုင်းမှာ တိုက်ပွဲဝင်နေတာသာမက မန္တလေးတိုင်းမှာပါ မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်နေတာဖြစ်ပါတယ်။

အဲဒီ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ပြီးတဲ့နောက်မှာတော့ စစ်ဘေးရှောင်ပြည်သူ ၃၀,၀၀၀ ကျော်ရှိလာပြီလို့လည်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ သီပေါ၊ လားရှိုး၊ မိုင်းရယ် စတဲ့မြို့တွေကဖြစ်တယ်လို့ SSPP က ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသာချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇူလိုင်လဆန်းပိုင်းက နောက်ဆုံးထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာပြီးထွက်ပြေးတိမ်းရှောင်နေရတဲ့သူ ၃ သန်းလောက် ရှိလာပြီလို့ သိရပါတယ်။

အဲဒီထဲက လက်တလော နေရပ်စွန့်ခွာရသူတွေကတော့ မုတ်သုံရာသီရဲ့ ပြင်းထန်တဲ့ ရာသီဥတုကြားမှာ သင့်လျော်တဲ့ နေထိုင်စရာတွေမရှိဘူးလို့ UNOCHA က ထုတ်ပြန်ထားပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...