စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်းကို NUG ကာကွယ်ရေးဝန်ကြီးရောက်ခဲ့

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်းကို NUG ကာကွယ်ရေးဝန်ကြီးရောက်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရောက်ရှိခဲ့တယ်လို့ ကောလင်းခရိုင်၊ အမှတ်(၂)တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။

“ကျွန်တော်တို့တပ်ရင်းတွေက လုံခြုံရေးအရ သတင်းမထုတ်ပြန်တာပဲရှိတာပါ။ဖော်ပြပါပုံများကတော့ လွန်ခဲ့တဲ့၂လ ကျော်က ကျွန်တော်တို့ ကောလင်းခရိုင်၊ အမှတ်(၂)တပ်ရင်းရဲ့ ရှေ့တန်းစစ်မြေပြင်ရှိရှေ့တန်းရဲဘော်တွေကို ဝန်ကြီးအနေနဲ့ ကိုယ်တိုင်လာရောက်တွေ့ဆုံအားပေးရင်း လိုအပ်တာများညွှန်ကြားခဲ့စဥ်က မှတ်တမ်းဓာတ်ပုံအချို့ပဲဖြစ်ပါတယ်ခင်ဗျာ” လို့  ဇူလိုင်လ ၁၇ ရက်နေ့မှာ ပြောဆိုထုတ်ပြန်ထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးက ရှေ့တမ်းစစ်မြေပြင်အထိ  ပြီးခဲ့တဲ့ မေလအတွင်း ကိုယ်တိုင်ရောက်ရှိသွားတာဖြစ်ပြီးတော့ ညွှန်ကြားမှုတချို့ကိုလည်းပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ တော်လှန်ရေးကာလအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်းကို ပထမဆုံးအကြိမ်ရောက်ရှိတာလည်းဖြစ်ပါတယ်။

မေလအတွင်းမှာ ကောလင်းခရိုင်တပ်ရင်း (၂) ဟာ ကောလင်းမြို့အနောက်ခြမ်းရှိ  စံတော်သာကုန်း၊ဖန်းခါးကုန်း၊ကျောက်ကြမ်းတောင်က စစ်ကောင်စီတပ်ရဲ့ ခံစစ်ပြင်ထားတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မတ်လအတွင်းမှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ ကချင်ပြည်နယ်အတွင်းက  ကချင်လွတ်လပ်ရေးတပ် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ  တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့ စခန်းကုန်းတွေကို KIA ဒုစစ်ဦးစီးချုပ် နဲ့ အတူ သွားရောက်ကြည့်ရှူတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။

ကောလင်းမြို့ဟာ NUG သိမ်းပိုက်ခဲ့ဖူးတဲ့ ခရိုင်အဆင့်ရှိတဲ့ မြို့တစ်ခုဖြစ်ပြီး သုံးလနီးပါးကြာ အုပ်ချုပ်မှုတွေလည်ပတ်ခဲ့တဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။

May 8, 2026
မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးကို စစ်တပ်က အပြည့်အဝထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မေလ ၆...
May 7, 2026
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUG တို့ သိမ်းပိုက်ထားတဲ့မြို့တွေ...
May 6, 2026
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းက မော်လူးမြို့ကို စစ်တပ်တွေက မေလ ၅ ရက်နေ့မှာ...
ချီဖွေငယ်ရေအားလျှပ်စစ်ကိုတွေ့ရစဉ်/Credit
May 4, 2026
ချီဖွေငယ်ရေအားလျှပ်စစ်ကို ပြန်လည်ပြုပြင်နေတာပြီးစီးသွားပေမယ့် မြစ်ကြီးနားမြို့...