မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်က ကရင်လေးဆိပ်တံတား မိုင်းခွဲခံရ

မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်က ကရင်လေးဆိပ်တံတား မိုင်းခွဲခံရ

မွန်ပြည်နယ် သထုံမြို့နယ် ကရင်လေးဆိပ်ကျေးရွာ မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်ရှိ ကရင်လေးဆိပ်တံတား မိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေထံကနေ သိရပါတယ်။

အဲဒီတံတားဟာ မနေ့ ဇူလိုင် ၁၆ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ မိုင်းခွဲခံရတာကြောင့် အရှည် ၁၀ ပေ အကျယ် ၅၄ ပေရှိတဲ့ တံတားတစ်စင်းလုံး ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။

“တံတားကတော့ ဘယ်လိုမှ သွားလို့မရတော့ဘူး။ ကုန်တင်ကားတွေ ပိတ်နေတယ်။ ကားအသေးတွေက လမ်းကြောင်းရှာပြီး သွားနေကြတယ်။ ပိတ်မိနေတဲ့ကားကတော့ ရာနဲ့ချီ ရှိတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုင်းခွဲခံရတဲ့ ကရင်လေးဆိပ်တံတားဟာ အရင်မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ ကျုံအိတ်တံတားအနီးမှာ တည်ရှိနေတာ ဖြစ်ပြီး မော်လမြိုင် – ရန်ကုန်လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါတဲ့ တံတားတစ်စင်းလည်း ဖြစ်ပါတယ်။

ကရင်လေးဆိပ်တံတား မိုင်းခွဲခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် ကရင်အမျိုးသားအစည်းအရုံး KNU ၊ PDF ပူးပေါင်းတပ်တို့က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ အာဏာသိမ်းကာလအတွင်း ကျုံအိတ်တံတား၊ မစောတံတား၊ မိုးကောင်းတံတားတွေ မိုင်းခွဲခံရတာကြောင့် ပြိုကျပျက်စီးခဲ့တဲ့အတွက် ခရီးသွားပြည်သူတွေ အခက်ကြုံခဲ့ရပါတယ်။

June 29, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက်...
ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...