ဟားခါးနဲ့ဖလမ်းမြို့မှာ အမျိုးသား ၂ ဦးဆိုင်ကယ်စီးနင်းတာနဲ့ အမျိုးသမီး ၁ ဦးနောက်မှာ အမျိုးသား ၁ ဦး စီးနင်းတာတွေကို အရေးယူမယ်လို့ စစ်ကောင်စီအမိန့်ထုတ်ထား

ဟားခါးနဲ့ဖလမ်းမြို့မှာ အမျိုးသား ၂ ဦးဆိုင်ကယ်စီးနင်းတာနဲ့ အမျိုးသမီး ၁ ဦးနောက်မှာ အမျိုးသား ၁ ဦး စီးနင်းတာတွေကို အရေးယူမယ်လို့ စစ်ကောင်စီအမိန့်ထုတ်ထား

ချင်းပြည်နယ် ဟားခါးနဲ့ ဖလမ်းမြို့မှာ မော်တော်ဆိုင်ကယ် ၁ စီးမှာ အမျိုးသား ၂ ဦး စီးနင်း တာနဲ့ အမျိုးသမီး ၁ ဦးနောက်မှာ အမျိုးသား ၁ ဦး စီးနင်းတာတွေကို အရေး ယူမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဟားခါးနဲ့ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေက ဇူလိုင်လ ၁၁ ရက်နေ့နဲ့ဇူလိုင် ၁၂ ရက်နေ့တွေမှာ ထုတ်ပြန်ထားပါတယ်။  

ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လက်ရှိအချိန်၌ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာ အုပ် ချုပ်ရေးမှူးများ ခြိမ်းခြောက်ခြင်း၊ လက်နက်ပြကာဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဌာနပိုင်မော်တော်ယာဉ်၊ ဆိုင်ကယ်များအား လုယက်ယူဆောင်ခြင်း၊ တာဝန်ဖြင့်သွားလာသော မော်တော်ယာဉ်များအားချောင်းမြောင်း ပစ်ခတ်ခြင်းများ ပြုလုပ်ကြကြောင်း၊ထိုသို့ကျူးလွန်ရာတွင် အများအားဖြင့်မော်တော်ဆိုင်ကယ်ကို အမျိုးသား ၂ ဦး စီးနင်းအသုံးပြုပြီး ၁ ဦးက တိုက်ခိုက်တာတွေ လုပ်တာတွေကြောင့် အခုလို ဒေသန္တရအမိန့်ထုတ်ပြန်တာလို့ ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 အမျိုးသားတစ်ဦးနောက်မှာ အမျိုးသမီးတစ်ဦးစီးနင်းခွင့်ရှိပြီး၊ မော်တော်ဆိုင််ကယ် ၁ စီးမှာ အမျိုးသမီး ၂ ဦး စီးနင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 ဒီထုတ်ပြန်ချက်နဲ့ပက်သက်လို့ လိုက်နာဖို့ပျက်ကွက်ရင် တည်ဆဲဥပဒေအရ အရေးယူခံရမယ်ဆိုတဲ့ကြောင်းနဲ့ ဒီအမိန့်ကို စက်တင်ဘာလ ၈ ရက်နေ့အထိ နောက်ထပ်အမိန့် တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...