ဟားခါးနဲ့ဖလမ်းမြို့မှာ အမျိုးသား ၂ ဦးဆိုင်ကယ်စီးနင်းတာနဲ့ အမျိုးသမီး ၁ ဦးနောက်မှာ အမျိုးသား ၁ ဦး စီးနင်းတာတွေကို အရေးယူမယ်လို့ စစ်ကောင်စီအမိန့်ထုတ်ထား

ဟားခါးနဲ့ဖလမ်းမြို့မှာ အမျိုးသား ၂ ဦးဆိုင်ကယ်စီးနင်းတာနဲ့ အမျိုးသမီး ၁ ဦးနောက်မှာ အမျိုးသား ၁ ဦး စီးနင်းတာတွေကို အရေးယူမယ်လို့ စစ်ကောင်စီအမိန့်ထုတ်ထား

ချင်းပြည်နယ် ဟားခါးနဲ့ ဖလမ်းမြို့မှာ မော်တော်ဆိုင်ကယ် ၁ စီးမှာ အမျိုးသား ၂ ဦး စီးနင်း တာနဲ့ အမျိုးသမီး ၁ ဦးနောက်မှာ အမျိုးသား ၁ ဦး စီးနင်းတာတွေကို အရေး ယူမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဟားခါးနဲ့ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေက ဇူလိုင်လ ၁၁ ရက်နေ့နဲ့ဇူလိုင် ၁၂ ရက်နေ့တွေမှာ ထုတ်ပြန်ထားပါတယ်။  

ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လက်ရှိအချိန်၌ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာ အုပ် ချုပ်ရေးမှူးများ ခြိမ်းခြောက်ခြင်း၊ လက်နက်ပြကာဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဌာနပိုင်မော်တော်ယာဉ်၊ ဆိုင်ကယ်များအား လုယက်ယူဆောင်ခြင်း၊ တာဝန်ဖြင့်သွားလာသော မော်တော်ယာဉ်များအားချောင်းမြောင်း ပစ်ခတ်ခြင်းများ ပြုလုပ်ကြကြောင်း၊ထိုသို့ကျူးလွန်ရာတွင် အများအားဖြင့်မော်တော်ဆိုင်ကယ်ကို အမျိုးသား ၂ ဦး စီးနင်းအသုံးပြုပြီး ၁ ဦးက တိုက်ခိုက်တာတွေ လုပ်တာတွေကြောင့် အခုလို ဒေသန္တရအမိန့်ထုတ်ပြန်တာလို့ ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 အမျိုးသားတစ်ဦးနောက်မှာ အမျိုးသမီးတစ်ဦးစီးနင်းခွင့်ရှိပြီး၊ မော်တော်ဆိုင််ကယ် ၁ စီးမှာ အမျိုးသမီး ၂ ဦး စီးနင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 ဒီထုတ်ပြန်ချက်နဲ့ပက်သက်လို့ လိုက်နာဖို့ပျက်ကွက်ရင် တည်ဆဲဥပဒေအရ အရေးယူခံရမယ်ဆိုတဲ့ကြောင်းနဲ့ ဒီအမိန့်ကို စက်တင်ဘာလ ၈ ရက်နေ့အထိ နောက်ထပ်အမိန့် တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

June 30, 2026
ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်း ၅...
June 29, 2026
ချင်းလူငယ် ပန်းချီအနုပညာရှင်၁ဦး ဖြစ်တဲ့ Artist Pau Za Langh ရဲ့  ပထမဆုံး တကိုယ်တော်...
June 27, 2026
ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို...
June 26, 2026
အိန္ဒိယ - မြန်မာနယ်စပ် ကလေး - တမူးလမ်းမပေါ်က ခမ်းပတ်မြို့နေရာအများစု ထိန်းချုပ်ထားတဲ့...