လောင်းလုံးမှာ စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရ

လောင်းလုံးမှာ စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရ

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၃ ရက်နေ့ မနက်ပိုင်းကစပြီး မင်းရပ်ကျေးရွာဘက်ကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတဲ့အတွက် လမ်းတလျှောက်က ကျေးရွာနေ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်ကြောင်းဝင်ရောက်လာတာကြောင့် မင်းရပ်၊ သဲပုံ၊ သာယာကုန်း၊ သဗျာ၊ ပန္နဲလဲနဲ့ အင်းဇောက်ကျေးရွာတို့က ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

စစ်ရှောင်ဒေသခံတွေဟာ လက်ရှိမှာတော့ လောင်းလုံးမြို့ပေါ်နဲ့ ဘေးလွတ်ရာနေရာတွေကို အရေးပေါ် တိမ်းရှောင်လာရတာကြောင့် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ သဗျာကျေးရွာတိုက်ပွဲအတွင်း အထိနာခဲ့တဲ့အတွက် အင်အားဖြည့်တင်းပြီး ထပ်မံစစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က သဗျာကျေးရွာထဲ စစ်ကြောင်းဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ဒေသကာ ကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း ဗုံးခိုးကျင်းထဲကနေ ထွက်လာတဲ့ သဗျာကျေးရွာနေ အသက် ၁၄ နှစ်အရွယ် မသက်ထားစံ (ခေါ်) ဝိုင်းဝိုင်းလေးဟာ စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့သေနတ်နဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒေသအခြေစိုက်သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ဇွန် ၁၂ ရက်နေ့ထုတ် အစီရင်ခံစာအရ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါးအထိ ရှိလာခဲ့ပါတယ်။

February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...
January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...
ဓာတ်ပုံ-CJ
January 30, 2026
ကရင်ပြည်နယ် စစ်ဆင်ရေးအတွက် စစ်ကော်မရှင်တပ်ဘက်က သံချပ်ကာကားတွေအပါအဝင် စစ်လက်နက်အပြည့်အစုံ၊...
ဓာတ်ပုံ-CJ
January 29, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်တဲ့ တောင်ဝိုင်းတောင် ဖြိုချမှုအပေါ်...