ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် တစ်လအတွင်း အရပ်သား(၁၆)ဦးသေဆုံးဟု KNU ပြော

ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် တစ်လအတွင်း အရပ်သား(၁၆)ဦးသေဆုံးဟု KNU ပြော

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ဇွန်လ တစ်လတာ အတွင်း အရပ်သားပြည်သူ စုစုပေါင်း(၁၆)ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ ကျောက်ကြီးမြို့နယ် ပြောရေးဆို ခွင့်ရှိသူ ပဒိုစောဝါးမူက ပြောသည်။

ကျောက်ကြီးမြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ-၂၆၄) (ခလရ-၆၀) နှင့် စစ်ကောင်စီ ခြေမြန် တပ်ရင်း(ခမရ-၃၀၇) (ခမရ-၂၀) တပ်ရင်းများမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး အလုံး (၁၅၀) ကျော် ပစ်ခတ်ခဲ့သလို လေကြောင်းဖြင့်ပါ ဗုံးကြဲခဲ့ခြင်းကြောင့် ယခုလို အရပ်သားထိခိုက်သေဆုံးမှုများဖြစ်ပွား ရခြင်းဖြစ် ကြောင်း ပဒိုစောဝါးမူက ယခုလို ပြောသည်။

“စစ်ကောင်စီက တစ်လအတွင်းမှာ လက်နက်ကြီးနဲ့ လေကြောင်းကိုပဲ အဓိက အသုံးပြုလာကြတယ်။ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းက ရွာတွေက လက်နက်ကြီးတွေကြောင့် ရှောင်နေရတယ်။ ဒရုန်းတွေရော လက်နက်ကြီးတွေရော ဂျက်လေယာဉ်တွေကိုပဲ အဓိကအသုံးပြုလာကြတယ်။” ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဆောထိမြို့နယ်မှတဆင့် ကုန်းမြင့်သာယာ အနီးတဝိုက်တွင် အခြေချတပ်စွဲထားပြီး ကေအဲန်ယူ ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်စစ်ရေးတင်းမာမှုများလည်း ရှိနေကြောင်း ကျောက်ကြီးမြို့နယ် ပြောခွင့်ရသူက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းအသုံးပြုမှုကြောင့်ကျောက်ကြီး မြို့နယ် အတွင်းရှိ ကျေးရွာ(၈)ရွာနှင့်စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ ဒေသခံများမှာလည်း ကျေးရွာ အတွင်းနေထိုင် မရဲတော့ဘဲ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ညောင်လေးပင် ခရိုင်တွင် ပြီးခဲ့သည့်မေလအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် ဒေသခံပြည်သူ စုစုပေါင်း(၄၉၄,၅၉၀)အထိ စစ်ဘေး တိမ်းရှောင်နေကြရကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ညောင်လေးပင်ခရိုင်တွင် KNU လက်အောက်ခံတပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များပူးပေါင်းပြီး စစ်ကောင်စီနှင့် နှစ်ဖက်တိုက်ပွဲများပိုမိုပြင်းထန်ခဲ့သလို ပူးပေါင်းတပ်က သိမ်းပိုက်ထား နိုင်သော စစ်ကောင်စီတပ် စခန်း(၁၀)ခုထက်မနည်း ရှိနေသည်ဟုလည်း တပ်မဟာ(၃)သတင်းအရင်း အမြစ်များ က ကေအိုင်စီသို့ ပြောဆိုထားသည်။

Most read this week

ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...
ဓာတ်ပုံ - CJ
August 18, 2026
ကရင်ပြည်၊ မြဝတီမြို့ တောင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၏ အမှတ် (၉၁၅)...
ဓါတ်ပုံ - CJ
August 17, 2026
ကရင်ပြည်၊ ဖာပွန်မြို့သို့ စစ်ကူတက်လာသည့် စစ်အုပ်စုတပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး...
August 17, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)...