မိုးရွာသွန်းမှုများတာကြောင့် ဖားကန့်မှာ ရေကြီးရေလျှံဖြစ်ပြီး ပြည်သူထောင်ချီရေဘေးသင့်

မိုးရွာသွန်းမှုများတာကြောင့် ဖားကန့်မှာ ရေကြီးရေလျှံဖြစ်ပြီး ပြည်သူထောင်ချီရေဘေးသင့်

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မိုးရွာသွန်းတာကြောင့် ဥရုချောင်းနဲ့ အင်မားချောင်းရေကြီးလာပြီး အဲဒီချောင်းတွေနဲ့ နီးတဲ့  ရပ်ကွက်၊ကျေးရွာအချို့မှာ  ရေကြီးရေလျှံမှု ဖြစ်နေပြီး  ရေဘေးသင့်ပြည်သူ ထောင်နဲ့ချီရှိနေပါတယ်။

မိုးရေကြောင့် ဥရုချောင်းရေကြီးပြီး ဖားကန့်မြို့၊ လုံးခင်းကျေးရွာက ရပ်ကွက်အများစုမှာ ရေဝင်ရောက်ပြီးတော့ ဒေသခံတွေရဲ့ နေအိမ် ၅ လုံးခန့် ရေထဲ သွားပါတယ်လို့ လုံးခင်းကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

“အိမ်တွေလည်း အကုန်မြုပ်တယ်။ အောင်ရာဘက်ဆိုရင် အိမ်ငါးလုံးလောက် ရေထဲ ပါသွားတယ်။  မိုးရေကြောင့် ဥရုခနဲ့ အင်မားခ ကြီးပြီး လုပ်ကွက်(ကျောက်စိမ်းလုပ်ကွက်)တွေက ကန်မှာဝင်ပြီး ရေတွေ ပြောင်းပြန် စီးလာတာ။"လို့ အထက်ပါ အမျိုးသမီးကပြောပါတယ်။

လုံးခင်းကျေးရွာက ရပ်ကွက်အကုန်လုံးလိုလိုမှာ ရေကြီးနေပြီး ကုန်းရပ်ကွက်ဖြစ်တဲ့ ရပ်ကွက်(၅)ဘက် ပြောင်းရွေ့နေထိုင်နေတယ်လို့ ဆိုပါတယ်။

လုံးခင်းကျေးရွာက ဆန်ခါနဲ့ မဒိန်ယန်ကြားဆက်ထားတဲ့ တံတားလည်း  ရေထဲ မျောပါသွားတယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဆန်ခါနဲ့မဒိန်ယန် ဆက်ထားတဲ့ တံတားလည်း ပါသွားပြီး။ ပြီးတော့  ကောင်းပြည်ဆီဆိုင်လည်း ပါသွားပြီ။လုံးခင်းဘက်က ပိုဆိုးတယ်။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ဖားကန့်မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ မြို့မ၊ဌက်ပျောတော၊မရှီကထောင်နဲ့ အင်းမြသာယာရပ်ကွက်တွေမှာ ရေကြီးနေပြီး ရေဘေးသင့်ပြည်သူ ၂,၀၀၀ ကျော်ရှိပြီးတော့ ကူညီကယ်ဆယ်ရေးအတွက် အခမဲ့ဆေးခန်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာနဲ့ ဆေးဝါးတွေကို လိုအပ်သလို ကူညီပေးဖို့ စီစဉ်ထားတယ်လို့လည်း ကွန်းဖောင်ဒေးရှင်းဥက္ကဌက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီကနေ့ မနက်ပိုင်းက ရေးသားထားပါတယ်။

မနေ့ကလည်း လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ ၊အောင်သာယာ(၂)ရပ်ကွက်မှာ မိုးသည်းထန်စွာရွာသွန်းတဲ့အပြင် တောင်ကျရေတွေကြောင့် လမ်းမပေါ်မှာတွေ ရေမြင့်တက်နေပြီး ကား၊ဆိုင်ကယ်တွေ သွားလာရခက်ခဲခဲ့ပါတယ်။

မြစ်ကြီးနားမြို့မှာလည်း  မြစ်ရေကျလာပေမဲ့ စိုးရိမ်နေရေအမှတ်ကို ကျော်လွန်နေသေးတဲ့အတွက် ရေဝင်နေတဲ့ ရပ်ကွက်တွေမှာ အရေးပေါ်အကူအညီတွေလည်း လိုအပ်နေသေးတာ ဖြစ်ပါတယ်။

Most read this week

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...