စိုးရိမ်ရေအမှတ်ကျော်လွန်နေတဲ့ မြစ်ကြီးနားမြို့က ရေဝင်ရောက်နေတဲ့ ရပ်ကွက်တွေမှာ ပြည်သူထောင်ချီပိတ်မိ

စိုးရိမ်ရေအမှတ်ကျော်လွန်နေတဲ့ မြစ်ကြီးနားမြို့က ရေဝင်ရောက်နေတဲ့ ရပ်ကွက်တွေမှာ ပြည်သူထောင်ချီပိတ်မိ

မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ စိုးရိမ်အမှတ်ကို ကျော်လွန်နေပြီး ရေဝင်ရောက်နေတဲ့ ရပ်ကွက်တွေက ပြည်သူထောင်ချီ ပိတ်မိနေတာကြေင့် ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေပါတယ်။

မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေကြီးလာတဲ့အတွက် မြစ်ကမ်းနံဘေးက ရပ်ကွက်တွေမှာ မနေ့ညကတည်းက ရေတွေဝင်ရောက်နှုန်း မြန်ဆန်နေတဲ့အတွက် ပစ္စည်းတွေရွေ့ပြီး အိမ်အပေါ်ထပ်မှာ နေနေရတယ်လို့ စီတာပူဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အောက်ထပ်က ပစည်းတွေတော့ အကုန်ရွေ့ပြီးပြီ။ အခုဘယ်လိုဖြစ်မလဲမသိဘူး ၂၀၀၄ ကလို ဖြစ်မလားမသိဘူး။ တဖြည်းဖြည်းရေက တက်လာတယ်။ဝရံတာကနေ စောင့်နေရတယ်။”လို့ အထက်ပါ  အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဧရာဝတီမြစ်ရေ စိုးရိမ်ရေ အမှတ် ၁,၂၀၀ စင်တီမီတာထက် ကျော်လွန်နေတဲ့အတွက် မြစ်ကမ်းနံဘေးက ရပ်ကွက်တွေ အပါအဝင် မြို့တွင်းက ရပ်ကွက် ၂၀ လောက် ရေဝင်နေတယ်လို့လည်း ကူညီကယ်ဆယ်ရေးသမားတွေရဲ့ ပြောဆိုချက်အရ သိရပြီး တိတိကျကျတော့ မသိရသေးပါဘူး။

ဈေးဆိုင်တွေမှာလည်း ရေဝင်နေတဲ့အတွက်  အချင်းချင်းကူညီပြီး  ပစ္စည်းတွေကို လိုက်သိမ်းနေရတယ်လို့ နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ရေကျဖို့မရှိဘူး၊ တက်နေဆဲ ဟုတ်တယ်။ သူငယ်ချင်းတွေရဲ့ပစ္စည်းတွေလည်း လိုက်မကူပေးနေတယ်။ "လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်

ရေဝင်ရောက်မှု မြန်ဆန်တဲ့အတွက် တချို့ပြည်သူတွေမှာ ထွက်ချိန်မရဘဲ အိမ်တွေထဲ ပိတ်မိနေကြတာတွေလည်း ရှိနေပါတယ်။

မြစ်ကြီးနားမြို့က လူမှုကယ်ဆယ်ရေးအသင်းတွေကို မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ ဆက်သွယ်တဲ့အချိန် ကယ်ဆယ်ရေးတွေ လုပ်နေတဲ့အတွက် ဖုန်းမဖြေကြားနိုင်တဲ့အပြင် ဖုန်းလိုင်းအခြေအနေတွေကြောင့် ရေဘေးသင့်ပြည်သူတွေရဲ့ အခြေအနေကို အသေးစိတ်သိရဖို့ ခက်ခဲနေပါတယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...