ဟုမ္မလင်းမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှုများရှိနေပြီး စစ်ရေးတင်းမာနေ

ဟုမ္မလင်းမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှုများရှိနေပြီး စစ်ရေးတင်းမာနေ

စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ် နဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

“ ဒီကနေ့မနက် လက်နက်ကြီးသံတွေကြားတာ ဘယ်ဘက်ကတော့မသိဘူး ဆက်ကယား၊ နောင်မှော်တို့၊ မုက္ကလိ တို့ဘက်ကိုလှမ်းပစ်တာနေမှာ ကက်သာတောင်ပေါ်ကနေလှမ်းပစ်တာ ဒီနေ့မနက်လက်နက်ကြီးသံကြားနေတယ် ၂ ချက် နောင်မှော်တို့၊မိန်းကလိဘက်မှာ(KIA+PDF)ပူပေါင်တပ်တွေရောက်နေပြီ“ လို့ ဟုမ္မလင်းမြို့ခံ တစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ မေလကတည်းက စစ်ကောင်စီတပ် ၊  ရှမ်းနီအမျိုးသားများတပ်မတော် SNA ၊ ပြည်သူ့စစ် ၊. KIA+PDF ပူးပေါင်းတပ်ဖွဲ့များဟာ ချင်းတွင်းမြစ်တစ်လျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းပြတ်တောက်မှုတွေကြောင့် မေလ ဒုတိယအပတ်မှာ သတင်းအချက်အလက်ပြတ်တောက်သွားခဲ့တာဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဟုမ္မလင်းမှ မန္တလေးကို ရောက်ရှိလာသူတွေဆီကနေ သိရပါတယ်။

“ တောင်ပေါ်ကနေထုတယ် မိန်းကလိကိုလှမ်းထုတာနေမှာ ကတ်သာအောက်က ထုန်မာတဲ ဒါကျန်တာပဲ  ဒီနားတိုက်မှာဘဲ  နောင်ပိုအောင်တိုက်မှာဘဲ အခုတလောကတော့ ၃ ရက်လောက်ရှိပြီငြိမ်နေတာ ဒီနေ့မနက်မှ လက်နက်ကြီးတွေနဲ့လှမ်းထုနေတာ” လို့ သူက ဆက်ပြောပါတယ်။

ဟုမ္မလင်းမြို့ နဲ့ နောင်ပူအောင်စံပြကျေးရွာ ဆက်ထားတဲ့ ဥရုတံတားဟာလည်း အချိန်အကန့်အသတ်နဲ့သာ ဖြတ်သန်းသွားလာနေရပြီး စစ်ရေးတင်းမာနေကြတာဖြစ်တယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်း အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများသည် တစ်လခွဲကျော်ကြာမြင့်ခဲ့တာဖြစ်ပြီး စစ်ရေး ၊ နိုင်ငံရေးအခြေအနေအားလုံး သတင်းအချက်အလက်ဖြတ်တောက်နေကြဆဲလည်းဖြစ်ပါတယ်။

May 16, 2026
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ပေါ်တွင်  ယာယီစစ်ဘေးတိမ်းရှောင်နေသော...
May 15, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းမှာ ရှမ်းနီဆရာဖြစ်သင်တန်းတွေနဲ့...
May 13, 2026
ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့မှာ ရှမ်း(၅)မျိုးကို ကိုယ်စားပြုတဲ့ သျှမ်းမျိုးနွယ်စုရေးရာ(SEA)...
May 12, 2026
၂၀၂၃ ခုနှစ်ကုန်ပိုင်းကနေ လေးနှစ်နီးပါး ပိတ်ပင်ထားခဲ့တဲ့ မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို...