ချင်းလဲန်းကောင်စီတပ်ဖွဲ့နဲ့ ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက်ကျဆုံးမှုရှိ

ချင်းလဲန်းကောင်စီတပ်ဖွဲ့နဲ့ ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက်ကျဆုံးမှုရှိ

- ချင်းပြည်တောင်ပိုင်း မတူပီမြို့စစ်ဆင်ရေးမှာ ချင်းလဲန်းကောင်စီတပ်ဖွဲ့ နဲ့ ချင်းညီနောင် AA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့ နှစ်ဖက်စလုံးမှာ ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။

- အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ်  ဆလိုင်းအိုက်ဇက်ခင်ကို လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု တိုင်ကြားချက်နဲ့ပတ်သက်ပြီး တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

- ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့နယ် ကလေး - တီးတိန်ကားလမ်းမပေါ်က သိုင်ငဲင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ရွာလုံးကျွတ်နီးပါး နေအိမ်တွေမီးရှို့ခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲတွေနဲ့လည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားကာ စစ်ရေးတင်းမာနေဆဲလို့ သိရပါတယ်။

Most read this week

December 20, 2025
- ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ၅၆ မြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ဖို့ စစ်ကော်မရှင်က...
December 20, 2025
- မြေရှားသတ္တုအတွက် ကချင်လွတ်တပ်ရေးအဖွဲ့(KIO/KIA)နဲ့ အိန္ဒိယအစိုးရကြား လျှို့ဝှက်သဘောတူညီမှု...
December 19, 2025
- ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(AA)က ဒေသခံ ခူမီးချင်းလူမျိုးတွေကို နေရပ်ကနေ...
December 18, 2025
- ကရင်နီပြည် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ‌...