မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၃ အတွက် လူသစ်စု ဆောင်းခံရသူ ၁၆၅ ဦး ရှိ

မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၃ အတွက် လူသစ်စု ဆောင်းခံရသူ ၁၆၅ ဦး ရှိ

မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၃ အတွက် လူသစ်စုဆောင်းခံရသူ ၁၆၅ ဦးရှိပြီး စစ်သားစုဆောင်းခံရသူ ၈၀၀ နီးပါးအထိ ရှိလာခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၃ အတွက် လူသစ်စုဆောင်းခံထားရတဲ့သူတွေကို ဇွန် ၂၁ ရက်နေ့က စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နဲ့ တာဝန်ရှိသူတွေက မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းမှာ သွားရောက်တွေ့ဆုံခဲ့တာပါ။

ဇွန် ၁၈ ရက်နေ့ထုတ် ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ စစ်တမ်းအရ မွန်ပြည်နယ်မှာ စစ် မှုထမ်းအပတ်စဉ် ၁ အတွက် အယောက် ၂၀၀ ကျော် နဲ့ အပတ်စဉ် ၂ အတွက် အ‌ယောက် ၄၀၀ ထက်မနည်း စုဆောင်းခံခဲ့ရတာပါ။

စုဆောင်းခံရတဲ့ သင်တန်းသားတွေကို မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ် ဝဲကလိကျေးရွာအခြေစိုက် တကက – ၄ တပ်မတော်တန်းမြင့်သင်တန်းကျောင်းမှာ တပ်သားအဖြစ် စစ်သင်တန်းတက်ရောက်စေခဲ့ပါတယ်။

NRFF ရဲ့ စစ်တမ်းအရ မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေနဲ့ ဆင့်ခေါ်ခံရတဲ့ လူငယ်တွေကို ငွေကြေးထောက်ပံ့‌ရေး အကြောင်းပြချက်နဲ့ တစ်ရွာဒါမှမဟုတ် တစ်ရပ်ကွက် ကျပ်ငွေ ၁၀ သိန်းကနေ သိန်း ၃၀ အထိ လစဉ်‌ထောက်ပံ့ကြေး ကောက်ခံမှုတွေလည်း ရှိနေတာပါ။

တစ်ဘက်မှာ စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်ဆိုပြီး လက်မှတ်တစ်စောင် ကျပ်ငွေငါးသိန်းထက်မနည်း သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပေးဆောင်နေရတယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ စစ်တမ်းက ဖော်ပြပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာ စောင့်ကြည်ရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ တပ်အင်အားပြုန်း တီးနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်မှုထမ်း အပတ်စဉ် ၁ နဲ့ ၂ အတွက် သင်တန်းကျောင်း ၂၁ ကျောင်းဖွင့်လှစ်ထားပြီး အပတ်စဉ်နှစ်ခုအတွက် လူငယ် ၉၀၀၀ ဝန်းကျင် တပ်သားစုဆောင်းထားတာပါ။

February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...
January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...
ဓာတ်ပုံ-CJ
January 30, 2026
ကရင်ပြည်နယ် စစ်ဆင်ရေးအတွက် စစ်ကော်မရှင်တပ်ဘက်က သံချပ်ကာကားတွေအပါအဝင် စစ်လက်နက်အပြည့်အစုံ၊...
ဓာတ်ပုံ-CJ
January 29, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်တဲ့ တောင်ဝိုင်းတောင် ဖြိုချမှုအပေါ်...