ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ထောင်ပြောင်းခံရ

ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ထောင်ပြောင်းခံရ

မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ထောင်ဆူပူမှုဖြစ်အောင် လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကျဉ်းသား ၁၀၀ ကျော် ထောင်ပြောင်းခံလိုက်ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် PPNM ထံကနေ သိရပါတယ်။

ဇွန် ၁၅ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ ကျိုက်မရောထောင်ရှိ နိုင်ငံရေးအကျဉ်းသားတွေအ ပါအဝင် အကျဉ်သား ၁၀၀ ကျော်ကို ထောင်အာဏာပိုင်တွေက ကားနဲ့ခေါ်ထုတ်သွားခဲ့တာ ဖြစ်ပါတယ်။

ထောင်ပြောင်းခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဘယ်ကိုပို့ဆောင်မလဲဆိုတာ ဆက်လက်စုံစမ်းနေပြီး အန္တရာယ်တစ်စုံတစ်ရာ ရှိ/ မရှိ စောင့်ကြည့်နေတယ်လို့ PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သူတို့တွေဟာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ရန်ကုန် အင်းစိန်ထောင် ဒါမှမဟုတ် သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရတာဖြစ်နိုင်ပြီး အခုလို ထောင်ပြောင်းရွှေ့မှုဟာ အကျဉ်းသားတွေကို အ ငြိုးထားပြီး ဖိနှိပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့က ကျိုက်မရောအ ကျဉ်းထောင်မှာ အကျဉ်းသားတစ်ဦးကို ထောင်ပိုင်အာဏာပိုင်တွေက နှစ်ထပ်အမြင့်အဆောက် အဦးမှာ ဝရိန်ဆော်ခိုင်းရာကနေ ဓာတ်လိုက်ပြီး အောက်ပြုတ်ကျမှု ဖြစ်ပွားခဲ့တာပါ။

သတိလစ်မေ့မျောနေတဲ့ အဲဒီအကျဉ်းသားကို ထောင်အာဏာပိုင်တွေက ထောင်ပြင်ပဆေးရုံ မပို့ဘဲ ဒီအတိုင်း ပစ်ထားတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေက ဆေးရုံပို့ပေးဖို့ တောင်းဆိုရာကနေ ထောင်ဆူပူမှု ဖြစ်ပွားခဲ့ တာပါ။

မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ အကျဉ်းကျ ခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူပေါင်း ၂၀၀၀ ကျော် ရှိတယ်လို့ အ ကျဉ်းထောင်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...
January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...
ဓာတ်ပုံ-CJ
January 30, 2026
ကရင်ပြည်နယ် စစ်ဆင်ရေးအတွက် စစ်ကော်မရှင်တပ်ဘက်က သံချပ်ကာကားတွေအပါအဝင် စစ်လက်နက်အပြည့်အစုံ၊...
ဓာတ်ပုံ-CJ
January 29, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်တဲ့ တောင်ဝိုင်းတောင် ဖြိုချမှုအပေါ်...