၂၀၂၄ ခုနှစ်အတွင်း ကရင်နီပြည်ရဲဌာနမှာ ရဲတပ်သားအင်အား ၁၀၀၀ ပြည့်ဖို့ မျှော်မှန်းထား

၂၀၂၄ ခုနှစ်အတွင်း ကရင်နီပြည်ရဲဌာနမှာ ရဲတပ်သားအင်အား ၁၀၀၀ ပြည့်ဖို့ မျှော်မှန်းထား

ကရင်နီပြည်မှာ CDM ပြုလုပ်ထားတဲ့ ရဲတွေကနေ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်ရဲဌာန(KSP) ကို ၂၀၂၄ ခုနှစ် နှစ်အကုန်မှာ ရဲတပ်သား အင်အား ၁၀၀၀ ပြည့်ဖို့ မျှော်မှန်းထားတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) တစ်နှစ်ပြည့်မိန့်ခွန်းမှာ ဥက္ကဌ ခူဦးရယ်က ပြောကြားထားပါတယ်။

“ပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကဏ္ဍတွေအတွက် ကရင်နီရဲဌာနကို ဖွဲ့စည်းပြီး အများပြည်သူ လုံခြုံမှုရှိရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေကို‌ ဆောင်ရွက်လျက်ရှိပါတယ်။ ကရင်နီပြည်တဝှမ်းမှာ ရဲစခန်း (၁၅)ခုနဲ့ ရဲကင်း(၁၀)ခုတို့ကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး ရဲဝန်ထမ်း အင်အားပေါင်း ၅၈၅ ဦးကို ဖြည့်တင်း ခန့်အပ် တာဝန်ပေးနိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် နှစ်အကုန်မှာ ရဲဝန်ထမ်းအင်အားပေါင်း (၁၀၀၀) ဖြည့်မီဖို့ လျာထားပါတယ်”လို့ ခူဦးရယ်က ဆိုပါတယ်။

လက်ရှိမှာတော့ ကရင်နီပြည်ရဲဌာန (KSP) အနေနဲ့ ရဲတပ်သားအသစ်မွေးထုတ်နိုင်ဖို့ သင်တန်းပို့ချမှု ပြုလုပ်နေတာ အပတ်စဉ် (၇) အထိ ပြီးမြောက်သွားပြီလို့ KSP တာဝန်ရှိသူ ကိုဘိုဘိုက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

ရဲဌာနအနေနဲ့ ကရင်နီပြည်တွင်းက လူထုတွေကို ရဲဌာနဝန်ဆောင်မှုတွေနဲ့အညီ ဆောင်ရွက်ပေးနေလျက် ရှိတယ်လို့ KSP တာဝန်ရှိသူ ကိုဘိုဘိုက အခုလိုပြောပါတယ်။

“ကျနော်တို့ ရဲဌာနမှာက တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး စတဲ့ ဝန်ဆောင်မှုတွေပေးနေတာပေါ့နော်။ ပြီးတော့ ရဲကင်းရဲဌာန ထားထားတယ်။ တစ်ပြိုင်တည်းမှာပဲ ကျနော်တို့က ဒီ စွမ်းရည်ဖွံ့ဖြိုးဖို့အတွက် ဒီ ရဲသင်တန်းဖွင့်ပြီးတော့မှာ သင်တန်းပေးနေတာရှိတယ်။ ပြီးတော့ တစ်ပြိုင်တည်းမှာပဲ ပညာရှင်တွေနဲ့ ချိတ်ဆက်ပြီး မြေပြင်မှာကော အွန်လိုင်းမှာကော စွမ်းရည်မြှင့်တင်ရေး ပေါ့နော် အဲ့လိုလုပ်နေတာလည်းရှိတယ်။ နောက်ပြီး ရဲအရာရှိသင်တန်းတို့ ဖွင့်ပြီးတော့မှ ရဲအရာရှိ မွေးထုတ်ပြီးတော့မှ ဒီအမှုစစ်တို့ လုပ်နေတာလည်းရှိပါတယ်။”လို့ သူ က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်သြဂုတ်လ ၂၅ ရက်နေ့မှာ CDM ရဲတပ်သား ( ၃၂၀ ) ဦးနဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီပြည် ရဲဌာန (KSP) ဟာ လက်ရှိအချိန်အထိ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေအတွင်း ရဲစခန်း ၁၅ ခု၊ ရဲကင်း ၁၀ ခုထိ ဖွင့်လှစ်ထားနိုင်ပြီ ဖြစ်ပါတယ်။

KSP အနေနဲ့ ပြည်သူလူထုတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နဲ့ အခြားသော ဝန်ဆောင်မှုတွေကို လုပ်ဆောင်နေသလို ကွင်းဆင်းပြီး လူထုစည်းရုံးရေး၊ အသိပညာပေးသင်တန်းတွေကိုလည်း ပို့ချဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယာဉ်တိုက်မှု ဘေးထွက်ဆိုးကျိုးတွေ လျော့ကျအောင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး အသိပညာပေးတာ၊ လက်ကမ်းစာစောင်ဖြန့်ဝေတဲ့ အစီအစဉ်လည်း ပြုလုပ်နေပါတယ်။

February 13, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့ကို ပြန်လည်ရရှိနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် က အပြင်းအထန်...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
February 12, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတရွာရဲ့ ရေတွင်းပျက်ထဲမှာ ရှိနေတဲ့...
February 11, 2026
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတစ်နေရာမှာ...
February 10, 2026
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၁ လေးလုံး စစ်ဆင်ရေးမတိုင်အချိန်က စစ်ကော်မရှင်တပ်တွေ အထိုင်ချ...