ချင်းပြည်နယ်မှာ အခြေခံပညာကျောင်း ၃၀ ကျော်သာဖွင့်လှစ်နိုင်

ချင်းပြည်နယ်မှာ အခြေခံပညာကျောင်း ၃၀ ကျော်သာဖွင့်လှစ်နိုင်

မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ ၃ ရက်နေ့ကစ၍ စစ်ကောင်စီက အခြေခံပညာကျောင်းများဖွင့်လှစ်ခဲ့ပြီး ခုခံတော်လှန်စစ် ပြင်းထန်နေသော ချင်းပြည်နယ်တွင် အခြေခံပညာကျောင်း ၃၈ ကျောင်းသာဖွင့်လှစ်နိုင်သည်ဟု  ချင်းပြည်နယ် ပညာရေးဌာနထံမှ သိရသည်။

အခြေခံပညာကျောင်းများကို ဟားခါး၊ ဖလမ်း၊ မင်းတပ်၊ မတူပီ နှင့် တီးတိန်မြို့နယ်တို့တွင် ဖွင့်လှစ်နိုင်ပြီး တက်ရောက်သူ ကျောင်းသူကျောင်သားလည်း အနည်းငယ်သာရှိသည်ဟုသိရသည်။

ပလက်၀၊ တွန်းဇံ၊ ထန်တလန် နှင့် ကန်ပက်လက်မြို့နယ်တို့တွင် ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိကြောင်းသိရသည်။

ချင်းပြည်နယ် ပညာရေမှူးက “ ဟားခါး (၆) ကျောင်း၊ ဖလမ်း(၁၀) ကျောင်း၊ မင်းတပ် (၄) ကျောင်း၊ မတူပီ (၁၅) ကျောင်း၊ တီးတိန်မှာ တိုက်ပွဲမဖြစ်ခင်ကတည်းက (၂၇) ကျောင်းအပ်ပြီးသား၊ အခု လောလောဆယ်တက်နိုင်တာ ခိုင်ကမ်းနဲ့ (၃) ကျောင်းပဲ။ ဒီနှစ်ကနည်းတာပေါ့” ဟု ပြောသည်။

တီးတိန်မြို့နယ်တွင် တိုက်ပွဲမဖြစ်ပွားခင်က ကျောင်းပေါင်း ၂၇ ကျောင်းဖွင့်လှစ်နိုင်မည်ဟု စာရင်းပေးထားသော်လည်း တိုက်ပွဲဖြစ်ပွားလာသည့်နောက်ပိုင်းတွင် ခိုင်ကမ်းမြို့အပါအဝင် ၃ ကျောင်းသာဖွင့်လှစ်နိုင်သည်ဟုသိရသည်။

ဟားခါးမြို့တွင် အခြေခံစာသင်ကျောင်း (၆) ကျောင်းဖွင့်လှစ်နိုင်ခဲ့သော်လည်း အထက်တန်း ကျောင်း တက်ရောက်သည့် ကျောင်းသူ၊ကျောင်းသာများ ယခင်နှစ်ထက် ပိုမိုနည်းပါးလာသည်ဟု ကျောင်းသားမိဘတဦး ကပြောသည်။

“ကျောင်းတွေက ဖွင့်ပေမယ့် တနှစ်ထက် တနှစ် နည်းလာတယ်၊ ကျောင်းအပ်တဲ့သူနည်းတော့ အ.ထ.က (၁) မှာပဲ အကုန်လုံးပေါင်းပြီး တက်ရ တယ်။ အခုက အများစုက ပြန်မလာရဲကြဘူး စစ်မူထမ်းဥပဒေကြောင့် ကျောင်းတက်ရ မလို၊တက်ရမလိုနဲ့ တချို့က ရွာမှာ ရှောင်တဲ့သူတွေရှိတော့ ပြန်မလာရဲသေးဘူး ကျောင်းအပ်တဲ့သူ တအားနည်းသွား တယ်။” ဟုကျောင်းသားမိဘကပြောသည်။

မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် ယမန်နှစ်တုန်းက ထန်တလန်မြို့ကလွဲ၍ ၈ မြို့နယ်တွင် ကျောင်းပေါင်း ၃၂၈ ကျောင်းဖွင့်လှစ်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၅၄၃၄ ဦး တက်ရောက်ခဲ့ကြသည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးမှပြုစုသော စာရင်းအရ သိရသည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...