မွန်ပြည်နယ်တောင်ပိုင်းက တော်လှန်ရေးရဲဘော်တွေ ငှက်ဖျားရောဂါအဖြစ်များနေ

မွန်ပြည်နယ်တောင်ပိုင်းက တော်လှန်ရေးရဲဘော်တွေ ငှက်ဖျားရောဂါအဖြစ်များနေ

မွန်ပြည်နယ်တောင်ပိုင်းဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ အခြေချလှုပ်ရှားနေတဲ့ လက်နက်ကိုင်တော် လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေမှာ ငှက်ဖျားရောဂါ အစုံလိုက် အပြုံလိုက် ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့ဧပြီလကုန်ပိုင်းကစပြီး တော်လှန်ရေးရဲဘော်တွေမှာ ငှက်ဖျားရောဂါတွေ စတင်ဖြစ်ပွားခဲ့ကာ အခုနောက်ပိုင်းမှာ ရောဂါဖြစ်ပွားသူ အရေအတွက် သိသိသာသာ တိုးလာတာ ဖြစ်ပါတယ်။

တော်လှန်ရေးရဲဘော်တွေဟာ နောက်တန်းမှာ နေထိုင်ချိန်ခြင်ထောင်၊ ခြင်ဆေးမလုံလောက်တာ၊ ရှေ့တန်းထွက်ချိန် ခြင်ကိုက်ခံရတာကြောင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှုများနေတာလို့ သိရပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ ငှက်ဖျားရောဂါဖြစ်ပွားမှုကို ရဲဘော်တွေ ဆိုးဆိုးဝါးဝါး ခံစားနေရပြီး တချို့ရဲဘော်တွေဆိုရင် နှစ်ကြိမ်လောက် ဖြစ်ပွားတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေ ငှက်ဖျားရောဂါ ဖြစ်ပွားမှုအတွက် လိုအပ်တဲ့ဆေးဝါးတွေကို ပြည်သူဆီကနေ အထိုက်အလျောက်ကူညီတာတွေ ရှိပေမယ့် လိုအပ်ချက်အချို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒေါနစစ်ကြောင်း ချေမှုန်းရေး တပ်ခွဲ ၃ တာဝန်ခံကလည်း ရဲဘော်တွေ ငှက်ဖျားရောဂါ ဖြစ်ပွားမှုဟာ ခြင်ထောင်မလုံလောက်မှုကြောင့် အများဆုံးဖြစ်ပွားနေတာဖြစ်ပြီး ဆေးဝါးလိုအပ်ချက် ရှိနေတယ်လို့ ပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေ ငှက်ဖျားရောဂါ ဖြစ်ပွားမှုများလာတာကြောင့် ဧပြီလကုန်ပိုင်းလောက်ကစကာ မွန်ပြည်နယ်တောင်ပိုင်းမှာ စစ်ဆင်ရေးတချို့ ရပ်နားထားရပြီး လိုအပ်တဲ့လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ တွေရှိမယ်ထင်တဲ့နေရာတွေကို လေယာဉ်နဲ့ကင်းထောက်တာတွေရှိနေပြီး ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေမှာ အင်အားဖြည့်တင်းတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၁၀ဖွဲ့ထက်မနည်း ရှိနေပြီး အင်အားထောင်နဲ့ချီ ရှိနေတာဖြစ်ပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...