အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့် FMR ဖျက်သိမ်းမှုဆန့်ကျင်ကြောင်း နှစ်နိုင်ငံပြည်သူများ နယ်စပ်တွင် ဆန္ဒဖော်ထုတ်

အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့် FMR ဖျက်သိမ်းမှုဆန့်ကျင်ကြောင်း နှစ်နိုင်ငံပြည်သူများ နယ်စပ်တွင် ဆန္ဒဖော်ထုတ်

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် (FMR) စနစ်ဖျက်သိမ်းမှုနှင့် နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟိုအစိုးရအစီစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် Zo Reunification Organization (ZORO) အဖွဲ့ကဦးဆောင်ပြီး အိန္ဒိယ-မြန်မာနယ်စပ်တွင် မေလ ၁၆ ရက်နေ့၌ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်မှုကို အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်း ဇိုခေါထာရ်ကျေးရွာတွင် ပြုလုပ်ခဲ့ကြပြီး ရာနှင့်ချီသော မီဇိုရမ်နှင့် ချင်းပြည်နယ်က ပြည်သူများက FMR ဖျက်သိမ်းမှုကို ဆန့်ကျင်ကြောင်း၊ နယ်စပ်ခြံစည်းရိုး ခတ်မည့်အစီစဉ်ကို ဆန့်ကျင်ကြောင်း၊ ညီအကိုများအား ပိုင်ခြား၍မရကြောင်း စသည့် စာတမ်းများကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

Zo Reunification Organization (ZORO) ဥက္ကဌ Pu R. Sangkawia က အိန္ဒိယ-မြန်မာ-ဘဂ်လားရှေ့်နိုင်ငံတွင် နေထိုင်ကြသော ဇိုး(ချင်း) မျိုးနွယ်စုများသည် တအူတုံဆင်းညီရင်းအကိုများဖြစ်ကြပြီး မိမိတို့မျိုးနွယ်စုများအား မည်သည့်အရာကမှပိုင်းခြား၍မရကြောင်း၊ အိန္ဒိယဗဟိုအစိုးရက FMR ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်ရန် စီစဉ်ခြင်းသည် ကုလသမဂ္ဂဌာနေတိုင်းရင်းသားဆိုင်ရာကြေညာစာတမ်းအား ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆန္ဒဖော်ထုတ်မှုတွင် ပြောဆိုခဲ့သည်။

ထို့အပြင် ဆန္ဒဖော်ထုတ်မှုသည် မိမိတို့၏ အခွင့်အရေးအား ထိန်းသိမ်းကာကွယ်ခြင်းဖြစ်ကြောင်း ZORO ဥက္ကဌက ပြောဆိုသည်။

အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် (Free Movement Regime) အစီအစဉ်ကို ၁၉၇၀ ခုနှစ်များအတွင်း ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ဒေသခံများအနေဖြင့် တဘက်တချက်စီ၏ နိုင်ငံအတွင်းကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိဝင်ရောက် သွားလာ ခွင့် ပြုထားခြင်းဖြစ် သည်။

မြန်မာနိုင်ငံနှင့် ထိစပ်နေသော မီဇိုရမ်အပါအ၀င် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသ ပြည်နယ် ၄ ခုက ဒေသခံများအနေ ဖြင့် Free Movement Regime ဟုခေါ်သော နှစ်ပေါင်း ၄၀ ကျော် အတားအဆီးမရှိ နယ်စပ်ကို ဖြတ်သန်း သွားလာခွင့်ရှိခဲ့သည့် အစဉ်အလာကို ဖျက်သိမ်းကာ နယ်စပ်တလျှောက် ခြံစည်းရိုး ခတ်ရန် အိန္ဒိယဗဟိုအစိုးရကစီစဉ်လာခြင်းဖြစ်သည်။

ဆန္ဒဖော်ထုတ်မှုတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်အကြံပေး လွှတ်တော်ကိုယ်စားလှယ် Pu Lalmuanpuia Punte၊ ကျန်ဖိုင်းခရိုင် လွှတ်တော်ကိုယ်စားလှယ်နှင့် အရပ်ဖက်အဖွဲ့အစည်းများက တာဝန်ရှိသူများကလည်း FMR စနစ်ဖျက်သိမ်း မှုနှင့် နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယ ဗဟိုအစိုးရအစီစဉ်ကို ဆန့်ကျင်သည့် မိန့်ခွန်းများ ပြောဆိုခဲ့ကြသည်။  

Zo Reunification Organization (ZoRO) အဖွဲ့သည် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ခဲ့ကြသော ဇိုး(ချင်း) မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းနေထိုင် ရေးလိုလားသောအဖွဲ့ဖြစ်ပြီး ယင်းအတွက် လှုပ်ရှားဆောင်ရွက်နေသောအဖွဲ့အစည်းဖြစ်သည်။

August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...