ဆီဆိုင်မြို့နယ် ရေဖြူရွာ ဒေသခံ ၉ ဦးကို စစ်ကောင်စီဖမ်းဆီး

ဆီဆိုင်မြို့နယ် ရေဖြူရွာ ဒေသခံ ၉ ဦးကို စစ်ကောင်စီဖမ်းဆီး

သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ရေဖြူရွာတွင် နေထိုင်သည့် ဒေသခံ ၉ ဦးကိုစစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

မေလ ၆ ရက်တွင် ဆီဆိုင်မြို့နယ် ရေဖြူရွာထဲသို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်လာစဉ် ထွက်ပြေးရန် ပြင်ဆင်နေသည့် ဒေသခံ ၉ ဦးကိုတွေ့ပြီး ဖမ်းဆီးလိုက်ကြောင်း ဆီဆိုင်မြို့ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဖမ်းခံရတာတော့ ၉ ယောက်ရှိတယ်။ အဲ့ထဲမှာ ကယန်းလူမျိုးပါတယ်၊ ကယားလူမျိုးပါတယ်။ ကျနော်ထင်တာတော့ ပုဒ်မ ၁၇ (၁) ပုံစံနဲ့ပဲ ဖမ်းသွားတာပဲထင်တယ်။ မတရားအသင်းအဖွဲ့ဝင်တွေကို ကူညီတယ် ဘာညာစွပ်စွဲပြီးတော့ ဖမ်းသွားတာပေါ့” ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူမှာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦးဖြစ်ပြီး၊ ထိုထဲတွင်ကိုယ်ဝန်သည် အမျိုးသမီး ၁ ဦးလည်း ပါဝင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ယမန်နေ့ (မေလ ၇) ရက်တွင် ထုတ်ပြန်ထားသည်။

လက်ရှိ ဖမ်းဆီးသွားသည့် ဒေသခံ ၉ ဦးကို စစ်ကောင်စီဘက်က မည်သည့်နေရာသို့ ခေါ်ဆောင်သွားခြင်း မသိရှိရသကဲ့သို့ ၎င်းတို့လည်း ပြန်လည်လွတ်မြောက်လာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အလားတူ ဈေးသုံးပြီး ရေဖြူရွာသို့ပြန်လာသည့် အသက် ၃၇ နှစ်အရွယ် အမျိုးသား ၁ ဦးကိုလည်း စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တို့က သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ထိုအမျိုးသားဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်မှစ၍ ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဟု စစ်ကောင်စီက ထုတ်ပြန်ကြေညာ ပြီးသည့်နောက် မြို့မဈေးထဲရှိ ပစ္စသည်းများကို လေလံတင်ရောင်းချကာ အသစ်ပြန်လည်ပြုပြင်ခြင်း၊ စစ်ရှောင်းများကို နေရပ်ပြန်လာရန် ခေါ်ယူခြင်း စသည့်ဖြင့် လုပ်ဆောင်နေလျက်ရှိသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် စစ်ကောင်စီသည် တိုက်ပွဲကြား ပြည်သူကိုဓားစားခံအဖြစ် လုပ်ဆောင်နေ သည်ဟု ဒေသခံများကပြောဆိုသည်။

August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...
August 19, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်အုပ်စုတပ်နှင့် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍...
August 19, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုတွင် အထိုင်ချ တပ်စွဲထားသည့်...