မော်လမြိုင်တွင် PDF သင်တန်းလာတက်သည်ဆိုပြီး အမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦးကို ဖမ်းဆီးခံရ

မော်လမြိုင်တွင် PDF သင်တန်းလာတက်သည်ဆိုပြီး အမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦးကို ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်သူ့ကာကွယ်ရေး PDF သင်တန်းတက်ရန် ရောက်ရှိနေသည်ဆိုပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ မမျိုးသန္တာအေးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှ ရဲကိုဝိုင်(ခ)ကိုပိုင်၊ မင်းခန့်နိုင်၊ မင်းသူရိန်တို့ ၄ ဦးသည် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ ဇင်ယော်ဧည့်ရိပ်သာတွင် တည်းခိုနေစဉ် စစ်ကောင်စီတပ်ဖွဲ့တို့က ဧပြီလ ၁၉ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့သည်။

၎င်းတို့ ၄ ဦးကို ဖမ်းဆီးပြီး ၁၀ ရက်အကြာ ဧပြီလ ၂၉ ရက်နေ့တွင် စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။

ဧပြီလ ၂၉ ရက်နေ့ကလည်း မြိုင်သာယာရပ်ကွက်၊ ဦးစစ်မောင်လမ်းနေ ကိုရဲလင်းဖြိုးကို PDF ထောက်ပံ့သည်ဆိုပြီး စစ်ကောင်စီတပ်တို့က နေအိမ်တွင် လာဖမ်းသွားခဲ့သည့်ဖြစ်စဉ် ရှိခဲ့သည်။

မော်လမြိုင်မြို့တွင် PDF နှင့် ဆက်စပ်သည်ဆိုပြီး လိုက်လံဖမ်းဆီးမှုများရှိနေသလို လမ်းတွင် သွားလာနေသည့် လူငယ်များကိုလည်း ဖမ်းဆီးပြီး အမျိုးမျိုးစွပ်စွဲကာ အရေးယူမှုပြုလုပ်နေသည်လည်း ရှိနေသည်ဟု မြို့ခံတို့ထံမှ သိရသည်။

“မော်လမြိုင်မှာ အဖမ်းအဆီးတွေက များလာနေတယ်။ ဖမ်းခံရပြီးဆိုရင်လည်း တခု မဟုတ် တခု စွပ်စွဲထည့်ထာပဲ။ လမ်းသွား လမ်းလာဆိုရင်လည်း သူတို့နဲ့ တိုးလို့ မသင်္ကာရင်လည်း ဖမ်းသွားတာပဲ။ အသွားအလာတွေတော့ တော်တော် သတိထားနေရတယ်” ဟု မော်လမြိုင်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။

ဧပြီလအတွင်း မွန်ပြည်နယ်တွင် ဖမ်းဆီးခံရသူ ၇ ဦးရှိခဲ့ပြီး ဖမ်းဆီးခံရမှုအများဆုံးပြည်နယ်ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ထုတ်ပြန်ထားချက်အရ သိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်၊ မော်လမြိုင်၊ ရေး၊ သထုံနှင့် ပေါင်မြို့နယ်တို့တွင် ၂၀၂၃ ခုနှစ်အတွင်းက PDF နှင့် ဆက်စပ်သည်ဆိုပြီး ဖမ်းဆီးခံရသူ ၂၀၀ အထက်ရှိပြီး အများစုက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့် အရေးယူခံထားရသည်။

May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...