ကျင်ဒွေးမြို့ စစ်ကောင်စီတပ်စခန်းတစ်ခုလုံး သိမ်းပိုက်နိုင်ပြီဟု ချင်းညီနောင်အဖွဲ့ထုတ်ပြန်

ကျင်ဒွေးမြို့ စစ်ကောင်စီတပ်စခန်းတစ်ခုလုံး သိမ်းပိုက်နိုင်ပြီဟု ချင်းညီနောင်အဖွဲ့ထုတ်ပြန်

ချင်းညီနောင်အဖွဲ့၏ ပထမဆုံး စစ်ဆင်ရေးအဖြစ် သတ်မှတ်ဖော်ဆောင်သည့် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုလုံးကို ၅၄ ရက်အကြာတွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က တရားဝင်ထုတ် ပြန်သည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ပေါ်ရှိ စစ်ခန်းကို ဧပြီလ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် စခန်းတစ်ခု လုံးကို အပြီးသတ် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီစခန်းမှ ချေမှုန်းရေးရိုင်ဖယ် ၃၀ နီးပါး သိမ်းဆည်းရမိခဲ့ ကြောင်း ယနေ့ မေလ ၁ ရက်မှာ ချင်းညီနောင်က ထုတ်ပြန်သည်။

“အခုက စခန်းစွန့်ခွာ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံတိုက်ထုတ်နေကြပါတယ်။ စစ်ကောင်စီတပ်သား တွေကို စစ်သုံးပန်အနေနဲ့ ဖမ်းဆီးရမိတာမရှိပါဘူးဗျ။ သူတို့က စခန်းခွန့်သွားကြတာပါ” ဟု CDF-ကန်ပက်လက်တပ် မဟာမှူး ဆလိုင်းထွန်းလိန်းထန်က ပြောသည်။  

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် သတ်မှတ်ပြီးနောက် ချင်းညီနောင် တပ်ဖွဲ့ဝင်များနှင့်အတူ PDF ၊ YDF ၊ GZA ၊ LPDF တပ်ဖွဲ့များ ပူးပေါင်း၍ အာရက္ခတပ်တော် AA ၏ အကူအညီနှင့်အတူ စစ်ဆင်ရေးအား အရှိန်အဟုန်မြှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ၏ နှစ်ဖက်ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ဖြေကြားရန် အဆင်မပြေ သေးကြောင်း ပြောဆိုပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း ပစ်ကူအများအပြား အသုံးပြုခဲ့ကြောင်း CDF- ကန်ပက်လက် တပ်မဟာမှူးက ပြောသည်။

စစ်ကောင်စီသည် စစ်ကူချပေးခြင်း၊ ပစ္စည်းထုတ်များ ချပေးခြင်းအပါအဝင် လေကြောင်းပစ်ကူ ၃၂၀ ခန့် ပြုလုပ်ခဲ့ ကြောင်း ချင်းညီနောင်ထုတ်ပြန်ချက်အရ သိရသည်။

ကျင်ဒွေးမြို့ရှိ စစ်ကောင်စီစခန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်မှစတင်၍ CDF ကန်ပက်လက်နှင့်အတူ အခြား ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) ပူးပေါင်းတပ်ဖွဲ့များ၊ PDF တပ်ဖွဲ့များမှ တိုက်ပွဲကို စတင်ဖော်ဆောင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်း အပါအဝင် အခက်အခဲ မျိုးစုံကြားထဲမှ တိုက်ပွဲကို ရပ်နားခြင်း မရှိဘဲ ၃ လကြာ ဆက်လက်ဖော်ဆောင်ခဲ့ပြီး မတ်လ ၇ ရက်မှစတင်၍ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် သတ်မှတ်ပြီး ၅၄ ရက် အကြာမှာ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၄ လကျော် ကြာမြင်ခဲ့သော ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် တိုက်ပွဲဝင်ကြသည့် ထောက်ပို့ ပြည်သူများ၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အားလုံး၏ ပြောင်မြောက်သော တိုက်ရည်၊ ခိုက်ရည်၊ ရဲစွမ်းသတ္တိ နှင့် အမိန့် နာခံမှုတို့အပေါ် ချင်းညီ နောင်က လေးနက်စွာ အသိအမှတ်ပြုကြောင်း ထုတ်ပြန်သည်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင် အသက်နှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်များကို လေးလေးနက်နက် လေးစာအသိအမှတ်ပြုပါကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...