ကုန်သွယ်ရေး တံတားအမှတ် (၂) ပြန်ဖွင့်၊ ရုံးလုပ်ငန်းများအွန်လိုင်း အသုံးပြုလည်ပတ်မရသေး

ကုန်သွယ်ရေး တံတားအမှတ် (၂) ပြန်ဖွင့်၊ ရုံးလုပ်ငန်းများအွန်လိုင်း အသုံးပြုလည်ပတ်မရသေး

မြဝတီကုန်သွယ်ရေးတံတား အမှတ် ၂ ကို ဧပြီ ၃၀ ရက်ယနေ့ နံနက်ပိုင်းက ပြန်လည် ဖွင့်လှစ်ပြီးကုန်စည် ဖြတ်သန်းသယ်ဆောင်ခွင့် ရုံးလုပ်ငန်း အစီအစဉ်များအား အွန်လိုင်းစနစ်ဖြင့် လည်ပတ်မရသေးသည့်အတွက် စာရွက်စာတမ်းစနစ်ဖြင့် ဖြတ်သန်းခွင့် ပြုထားကြောင်း သိရှိရသည်။

တံတား အမှတ်(၂) ပြန်ဖွင့်သည့်အခြေအနေကို မြဝတီမြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက" တံတား(၂ )က အခုမနက်ပြန်ဖွင့်ပြီ။ တိုက်ပွဲဖြစ်တုန်းက ကွန်ပြူတာ ဆာဗာတွေ ပျက်သွားတော့ အခုက စာရွက်စာတမ်း နည်းနဲ့ အသုံးပြုပြီး ပြန်ဖွင့်ပြီ " ဟု ကေအိုင်စီသို့ ပြောသည်။

လတ်တလော ကုန်စည်ဖြတ်သန်းခွင့် ပြန်လည်ဖွင့်လှစ်သော်လည်း မြဝတီ-ဖားအံအာရှလမ်းပိုင်းတွင် အောင် ဇေ ယျစစ်ဆင်ရေး စစ်ကောင်စီတပ် စစ်ကူများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် PDF မဟာမိတ် ပူးပေါင်းတပ်များ ကော့ကရိတ်မြို့ နှင့် အာရှလမ်းနေရာတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ထို့ ကော်ကိုး၊ နဘူး၊ ဖားအံလမ်းပိုင်းမှ ကုန်စည်များ သယ်ဆောင်သွားလာနေရကြာင်း သိရှိရသည်။

"နယ်စပ်တံတားတွေ ၂ ခုလုံး ပြန်ဖွင့်ပြီဆိုတော့ လူရော၊ ကုန်စည်ရော ထို့ကော်ကိုး လမ်းကပဲ ဆင်းရတာပါ့၊ တောင်ပတ်လမ်းဆိုတော့ လမ်းကြမ်းတယ်။ အာရှလမ်းကတော့ တိုက်ပွဲ ဖြစ်နေတုန်းပဲ။ ကုန်ခ ၊ ကားခ၊ အဖွဲ့ အစည်းဂိတ်ကြေးတွေကများတော့ အာရှလမ်းပြန်ဖွင့်မှ အဆင်ပြေမယ်။ အဲလိုမှ မဟုတ်ရင် ကားပျက် ကားပြင် စရိတ်နဲ့ ကားမောင်းစားရတာ အဆင်မပြေဘူး"ဟု မြဝတီကုန်ကား လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လက်ရှိမြဝတီမြို့တွင် နယ်စပ်ချစ်ကြည်ရေး တံတား (၂)စင်း ပြန်လည်ဖွင့်လှစ်သွားလာခွင့်ပြုနေပြီ ဖြစ်သော်လည်း မြို့ပြင်နေရာများတွင် စစ်တပ်စစ်ကြောင်းများနှင့် KNLA မဟာမိတ်တပ်များ စစ်ရေးတင်းမာသည့် အခြေအနေ ဆက်ရှိနေသည့်အတွက် ဒေသခံကျေးရွာများမှ နေရပ်ရှောင်တိမ်းနေထိုင်နေရသူ မြဝတီမြို့ပေါ် စာသင်ကျာင်း နှင့် ဘုန်းကြီးကျောင်းများတွင် လူ ၃,၀၀၀ ခန့် နေရပ်မပြန် နိုင်သေးကြောင်း သိရသည်။

Photo: (လူမှုကွန်ရက်)

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...