သံတွဲတိုက်ပွဲတွင် စစ်ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးသေဆုံး

သံတွဲတိုက်ပွဲတွင် စစ်ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးသေဆုံး

ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲတွင် စစ်ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦး သေဆုံးသွားခဲ့သည်ဟု ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။

သံတွဲမြို့နယ်၊ ငပလီအခြေစိုက် ခလရ (၅၅)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ပြည့်ဖြိုးဟိန်းနှင့် ဗိုလ်ကြီး ကိုကိုလင်း တို့မှာ ယနေ့ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တိုက်ပွဲကပြင်းထန်နေတာကြောင့် နောက်ထပ် စစ်ကောင်စီတပ်သားတွေလည်း သေဆုံးမှုရှိနိုင်တယ်။ အကျအဆုံး အတိအကျတော့ မသိရသေးဘူး” ဟု သူက ပြောသည်။

သံတွဲမြို့နယ်ရှိ သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းနှင့် ၁၀ ခန့်အကွာ ရွှေလှေ၊ ဆူးပုတ်ကုန်း၊ ဘုရားမော်၊ ဒေါ်မြ၊ ကျောင်းကုန်း စသည့် ကျေးရွာအနီးတစ်ဝိုက်တွင် ယနေ့နံနက်ပိုင်းမှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်နေသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေပူးပေါင်းပြီး အကြိတ်အနယ် ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

တိုက်ပွဲများကြောင့် သံတွဲမြို့နယ်၊ ရေကောက်၊ ပုရစ်၊ ရွှေလှေ၊ ဆူးပုတ်ကုန်း၊ ဒေါ်မြနှင့် ဘုရားမော်ကျေးရွာများက ဒေသခံ ၃ ထောင်ကျော်ခန့်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

“တိုက်ပွဲပြင်းထန်လာတော့ မြို့တွင်းမှာလည်း စိုးရိမ်မှုတွေက ရှိကြလာတယ်။ ငွေကြေးတတ်နိုင်သူတွေဆိုရင် ရန်ကုန်မြို့ကို တိမ်းရှောင်မှုတွေတောင် ရှိနေကြပြီ” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်တွင် ယခုနှစ်၊ ဧပြီလ ၁၃ ရက်မှစပြီး စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

ပုံစာ - ရွှေလှေကျေးရွာအနီးတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- Dwayarwaddy)

July 4, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာနှင့် အနီးအနားကို စစ်တပ်က...
July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...
မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 2, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မောင်တောမြို့နှင့် အနီးတဝိုက်ကို ဇွန် ၁ ရက် ညဉ့် ၁၀ နာရီကျော်တွင်...
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...