မြဝတီကုန်သွယ်ရေးတံတား အမှတ် (၂) ပျက်စီးမှုများနှင့် ဘဏ်ချိတ်ဆက်မှုများ ပြင်ဆင်ပြီးမှသာဖွင့်နိုင်မည့် အခြေအနေရှိဟုကုန်သည်များဆို

မြဝတီကုန်သွယ်ရေးတံတား အမှတ် (၂) ပျက်စီးမှုများနှင့် ဘဏ်ချိတ်ဆက်မှုများ ပြင်ဆင်ပြီးမှသာဖွင့်နိုင်မည့် အခြေအနေရှိဟုကုန်သည်များဆို

ထိုင်း-မြန်မာ ကုန်သွယ်ရေးတံတားအမှတ် (၂) နေရာတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုး  သားလွတ် မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များ တိုက်ပွဲဖြစ်စဉ်ကြောင့် ပျက်စီးသွားသည့် စက်ပစ္စည်းများ၊ အဆောက်အအုံများနှင့် ဘဏ်ချိတ်ဆက်မှုလုပ်ငန်းများ ပြင်ဆင်ပြီးမှသာ ကုန်သွယ်ရေးတံတားကို ပြန်လည် ဖွင့်လှစ်ကုန်စည် ဖြတ်သန်းသွားလာနိုင်မည်ဟု မြဝတီနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းရှင်များက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၀ရက်နေ့တွင် ချစ်ကြည်ရေးတံတား အမှတ် (၂) တွင် ဝင်ရောက်ခိုအောင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား KNLA ဦးဆောင်သည့် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် တံတားပေါ်ရှိ စက်ပစ္စည်းများ၊ အဆောက်အအုံများနှင့် ဘဏ်ငွေသွင်း၊ ငွေထုတ်ကိစ္စနှင့် အင်တာနက်လိုင်းချိတ်ဆက်မှုများပြတ်တောက်ပျက်စီးခဲ့ခြင်းဖြစ်သည်ဟု ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၎င်းက " မြဝတီတံတား(၂) က ထိုင်းဝန်ကြီးတွေ ၂၃ ရက် နေ့ကလာတယ်။ ၂၄ မှာ ပြန်ဖွင့်ပေးမယ်ပြာတယ်။ မြန်မာဘက်အခြမ်း တံတား (၂)ကို ဝင်စစ်ဆေးတော့ ပျက်စီးတာတွေ ရှိနေတယ်။ ပြန်ပြင်ရမှာတွေ ရှိနေတယ်။ အဲတာတွေ အမြန်ပြန်ပြင်ပြီးမှ ကုန်စစ်ယာဉ်စစ်တာတွေ လုပ်လို့ရမယ်။ မြို့ထဲက ဘဏ်တွေအင်တာနက် ပြန် ချိတ်ရမယ်။ ပြီးမှ အခွန်ငွေ သွင်း၊ ဘဏ်ငွေသွင်းတွေ အားလုံးရပြီဆိုမှ ပြန်ဖွင့်လို့ရမယ့် သဘောရှိနေတယ်။ အခု တော့ တံတား (၂)နဲ့ ပတ်သက်တဲ့ ဌာနတွေ ပြန်ပြင်နေကြတယ်။ ပြန်ဖွင့်ဖို့တော့ အတိအကျမသိသေးဘူး " ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မြဝတီမြို့ကို စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစာင့်တပ်-BGFတို့က လုံခြုံရေးနှင့် စီမံအုပ်ချုပ်ရေး ကိစ္စ များ ပူးတွဲလုပ်ဆောင်နေပြီး စစ်ကောင်စီဌာနဆိုင်ရာ ရုံးလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နိုင်ရန် ဝန်ထမ်း များ ပြန်လည်ခေါ်ယူ စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရသည်။

" တိုက်ပွဲ ဖြစ်နေတော့ ဝန်ထမ်းတွေ ရှောင်နကြတယ်။ မိသားစုတွကို မဲဆောက်ဘက်ပိုပြီး ရှောင်ခိုင်းထားတာ မျိုး ရှိတယ်။ အခုဝန်ထမ်းတွေကို ပြန်စုပြန်ခေါ် နေတယ်။ ရုံးပြန်ထိုင်ဖို့၊ အခွန်အကောက်တွေ၊ စီမံအုပ်ချုပ်တာ တွေ ၊ လုံခြုံရေး ပြန်လုပ်ရမယ့် နေရာတွေကို တာဝန်ချ၊ စစ်တပ်ပိုင်းကပြန်လုပ်နေတာ တွေ့ရတယ်။ "ဟု စစ်တပ် ဝန်ထမ်း များနှင့် နီးစပ်သည့် သတင်း အရင်း အမြစ်က ပြောသည်။

ထိုသို့ မြဝတီ မြို့ပတ်ဝန်းကျင်တွင် နှစ်ဖက်စစ်ရေးတင်းမာမှုနောက်ဆက်တွဲအနေဖြင့် နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ နယ်စပ်ဖြတ်ကျော်သွားလာမှုများရပ်ဆိုင်းနေသည့် အခြေအနေအပေါ် စစ်ကောင်စီတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောခြင်း မရှိသေးပေ။

ယနေ့ ဧပြီလ ၂၆ ရက်တွင်မူ မြဝတီမြို့တွင်း ပုံမှန်သွားလာမှုရှိနေပြီး မြို့ပြင်နေရာများတွင် လုံခြုံရေးအခြေ အနေ ပေါ်မူတည်ကာ သွားလာမှုရှိနေကြာင်း၊ ထို့ကော်ကိုး တောင်ပတ်လမ်းမှ ကုန်စည်နှင့်ခရီးသွားလာမှုဆက်လက် သွားလာ၍ရနေကြောင်း ဒေသခံသတင်းအရင်းအမြစ်များပြောဆိုချက်အရ သိရသည်။

Photo: CJ

Most read this week

December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...
December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...