မွန်မြို့နယ်အချို့တို့တွင် စစ်အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်

မွန်မြို့နယ်အချို့တို့တွင် စစ်အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်

မွန်ပြည်နယ်အတွင်း တော်လှန်ရေးအားကောင်းသည့် မြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ခြင်းမရှိတော့ဘူးလို့ ဒေသခံတို့ထံမှ သိရသည်။

တော်လှန်ရေးအားကောင်းသည့် ရေး၊ ကျိုက်မရော၊ ဘီးလင်း၊ သထုံ၊ ကျိုက်ထို အစရှိသည့်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများ တိုက်ခိုက်ခံရတာ၊ မီးရှို့ဖျက်ဆီးခံရတာတွေအပြင် ဝန်ထမ်းများ ပစ်ခတ်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေသည်။

စစ်ရေးပဋိပက္ခပြင်းထန်နေသည့်ရေးမြို့နယ်ဆိုလျှင် ဌာနဆိုင်ရာရုံးဝန်ထမ်းများ မော်လမြိုင်မြို့မှ လုပ်ငန်း ညွန်းကြား ဆောင်ရွက်နေရသည်ဟု ဌာနဆိုင်ရာရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“လက်နက်ကိုင်အဖွဲ့တွေနဲ့ နည်းနည်းဝေးတဲ့မြို့ကြီးပေါ့။ မော်လမြိုင်တို့၊ မုဒုံတို့ သံဖြူဇရပ်တို့ အဲ့နေရာလောက်ပဲ လုပ်ငန်းလည်ပတ်နေတာတွေ့တယ်။ ရေးမြို့နယ်မှာတာဝန်ကျတဲ့ အထက်ပိုင်း စည်ပင်အရာရှိတို့၊ တရားသူကြီးတို့၊ အခွန်အရာရှိတို့က ရေးမှာ ရုံးမတက်ဘူး။ မော်လမြိုင်မှာ ရေးမြို့နယ်ကိုယ်စား သူတို့တွေက ရုံးတက်ပြနေတာရှိတယ်” ဟု ၎င်းက ဆိုသည်။

ရေးမြို့နယ်တွင် ပညာရေး၊ ကျန်းမားရေး၊ လျှပ်စစ်၊ လဝက၊ ကညနရုံးလုပ်ငန်းတို့သာ လည်ပတ်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

လက်ရှိ လည်ပတ်နေသည့် ဌာနဆိုင်ရာရုံးများကလည်း လုံခြုံရေးအပြည့်ဖြင့် လုပ်ဆောင်နေရသည်ဟုလည်း ဒေသခံတို့က ပြောသည်။

“လုပ်ငန်းလည်ပတ်နေတယ်ဆိုသော်ငြားလည်း လုံခြုံရေးကို ပိုပြီးတော့ တင်းကျပ်ထားတယ်ပေါ့။ နေ့ခင်းပိုင်းဆိုရင် ရဲတွေ ဘာတွေက ကင်းစောင့်။ ညပိုင်းဆိုရင် ကားနဲ့ ကင်းလှည့် စောင့်ကြည့်နေတဲ့ ပုံစံမျိုး” ဟု ဆိုသည်။

ယခုလုပ်ငန်းဆက်လက်နိုင်သောဌာနဆိုင်ရာရုံးများက အကျင့်ပျက်စားမှု၊ အဂတိလိုက်စားမှု လာဘ်စားမှုများကို ပြည်သူတွေအများဆုံးကြုံတွေ့နေရသည်ဟု ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF)၏ သုံးနှစ်တာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ၊ အုပ်ချုပ်ရေးမှူးရုံးများ မကြာခဏ တိုက်ခိုက်ခံနေရပြီး ရုံးအများစုကလည်း ပိတ်ထားရသည့် အနေအထားရှိနေသည်။

Most read this week

July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...
July 18, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ စက်သုံးဆီပြတ်လပ်မှုနှင့်...