စစ်ဘေးရှောင်များ လိုက်နာရမည့် အချက် ၈ ချက် CYMA က ထုတ်ပြန်

စစ်ဘေးရှောင်များ လိုက်နာရမည့် အချက် ၈ ချက် CYMA က ထုတ်ပြန်

မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘဂ်လားရှေဒ့်နှင့် မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင်များ လိုက်နာရမည့် အချက် ၈ ချက်ကို ဗဟိုမီဇိုးလူငယ်အသင်း (CYMA) က ယနေ့ထုတ်ပြန်လိုက်သည်။

မြန်မာ၊ ဘဂ်လားဒေရှ့်နိုင်ငံနှင့် မဏိပူရ်ပြည်နယ်တို့မှ မိမိအသက်လုံခြုံရေးအတွက် မီဇိုရမ်ပြည်နယ်သို့ ခိုလုံလာကြသော စစ်ဘေးရှောင်များအနေဖြင့် မီဇိုရမ်ပြည်နယ်၌နေထိုင်စဉ်ကာလအတွင်း ပြည်နယ်၏တည်ဆဲဥပဒေနှင့် စည်းမျဉ်း စည်း ကမ်းများကို လိုက်နာရမည်ဖြစ်ပြီး အစိုးရနှင့် ရပ်ရွာပြည်သူများမနှစ်သက်သောပုံစံဖြင့် နေထိုင်ခြင်းမပြုကြရန် CYMA ကပြောသည်။

စစ်ဘေးရှောင်များသည် ဒေသန္တရဥပဒေနှင့် မလျှော်ညီသော ကူးသန်းရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းများမပြုရန်၊ ဒေသန္တရအစိုးရ၊ ဒေသခံပြည်သူများနှင့်လိုက်‌လျောညီထွေစွာနေထိုင်မှုပြုရန်၊ အစိုးရနှင့် CYMA ၏ အသိမှတ်ပြုခွင့်ပြုချက်ရရှိမှသာ စစ်ဘေးရှောင်များအနေဖြင့် မြေကွက်နှင့် အိုးအိမ်ပိုင်ဆိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။

ထို့အပြင် အိမ်၊ ဆိုင်ခန်းငှားရမ်းသည့်နေရာမှာလည်း ကာလပေါက်စေျးထက်ပိုသော စေ◌ျးနှုန်းများဖြင့်ငှါးရမ်းခြင်း မပြုရန်၊ မြန်မာ နှင့် ဘဂ်လာဒေရှ့်နိုင်ငံမှ ခိုလုံလာကြသော စစ်ဘေးရှောင်များသည် အိန္ဒိယနိုင်ငံသားများမဟုတ်ကြသည့် အတွက် အိန္ဒိယနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသော Voter ID, Aadhaar Card, Birth Certificate, Tribal Certificate, Residential Certificate, Driving License နှင့် Vehicle Registration စသည့်စာရွက်စာတမ်း သက်သေအထောက်အထားများရရှိရန် ကြိုးပမ်းဆောင်ရွက်မှုမပြုကြရန် တောင်းဆိုထားသည်။

စစ်ဘေးရှောင်များအနေဖြင့် တရားမဝင်ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပိုင်းတွင် အစိုးရနှင့် ရပ်ရွာအဖွဲ့ အစည်းများအား အစွမ်းကုန်ပူးပေါင်းဆောင်ရွက်ကြရန်၊ စစ်ဘေးရှောင်များသည် မိမိသဘောဆန္ဒအလျှောက် ရွှေ့ပြောင်းနေထိုင်ခြင်းမပြုရန်လည်း CYMA ကတောင်းဆိုထားသည်။

မီဇိုရမ်ပြည်နယ် ရပ်ကွက်၊ ကျေးရွာအသီးသီးရှိ Sub-YMA အဖွဲ့အစည်းများအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်ဘေးရှောင်များ၏ အခြေအနေများကို အမြဲမပြတ်လေ့လာစောင့်ကြည့်လျှက် လုပ်ဆောင်ပေးနိုင်သော အကူအညီများကို စည်းကမ်း နှင့်အညီ တတ်နိုင်သရွေ့ အကောင်းဆုံးပံ့ပိုးပေးကြရန်လည်း CYMA က မေတ္တာရပ်ခံထားသည်။

ဗဟိုမီဇိုးလူငယ်အသင်း (CYMA) သည် မီဇိုရမ်ပြည်နယ်တွင် ဩဇာအာဏာအရှိဆုံး အရပ်ဖက်အဖွဲ့အစည်းဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့မှုပေးနေသည့်အဖွဲ့လည်းဖြစ်သည်။

ယခုလက်ရှိမီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃ သောင်းကျော်၊ ဘဂ်လားဒေရှ့်နိုင်ငံက စစ်ဘေးရှောင်တစ်ထောင်ကျော် နှင့် မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင် တစ်သောင်းကျော် ခိုလုံလျှက်ရှိကြောင်း မီဇိုရမ်ပြည်နယ်အစိုးရ၏ မှတ်တမ်းအရသိရသည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...