အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နေအိမ်ရှစ်သောင်းကျော်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့

အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နေအိမ်ရှစ်သောင်းကျော်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့

အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းလုံးတွင် ပြည်သူနေအိမ်ပေါင်း ၈၃,၇၄၆ လုံးကို စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က ဧပြီ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်မှာ ၁၀၀၀ အောက်ထိ ကျဆင်းသွားခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာလကနေ တဖြည်းဖြည်း ပြန်မြင့်တက်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

ပြီးခဲ့တဲ့မတ်လ တစ်လတည်းတွင် နေအိမ်ပေါင်း ၂,၈၃၁ လုံး မီးရှို့ဖျက်ဆီးခံရပြီး ယင်းအထဲတွင် စစ်ကိုင်းတိုင်းမှ ၁,၈၅၁ လုံးနှင့် မန္တလေးတိုင်းမှ ၆၂၈ လုံး ပါဝင်ကြောင်း Data for Myanmar က ဆိုသည်။

Data for Myanmar သည် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပျက်စီးမှု အချက်အလက်များကို ပြုစုဖော်ပြနေသည့် အဖွဲ့တစ်ခုဖြစ်သည်။

တိုက်ပွဲကာလအတွင်း နေအိမ်ပျက်စီးဆုံးရှုံးမှုများကြောင့် စစ်ဘေးရှောင်များမှာလည်း နေရပ်ပြန်ရေး အလှမ်းဝေးနေဆဲဖြစ်ကာ လာမည့်မိုးရာသီကာလတွင် နေထိုင်ရေးအတွက် စိန်ခေါ်မှုများရှိနေကြသည်။

“ကျမတို့ ပြန်နေလို့ရပြီဆိုပေမဲ့ အိမ်လဲ မရှိတော့ဘူး။ အိုးလဲ မရှိတော့ဘူး။ အခုအခြေအနေမှာက တဲထိုးပြီး နေမယ်ဆိုရင်လည်း အမိုးအကာတွေဝယ်ဖို့ အဆင်မပြေဘူး” ဟု ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းကာလအတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာထွက်ပြေးနေသည့် စစ်ဘေးရှောင်ဦးရေမှာ နိုင်ငံတဝန်းလုံးတွင် ၃ သန်းကျော်အထိ ရှိလာနေပြီဖြစ်သည်။

ပုံစာ - ရခိုင်ပြည်၊ ပေါက်တောမြို့အတွင်းမှ နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့်မြင်ကွင်း။

July 4, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာနှင့် အနီးအနားကို စစ်တပ်က...
July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...
မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 2, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မောင်တောမြို့နှင့် အနီးတဝိုက်ကို ဇွန် ၁ ရက် ညဉ့် ၁၀ နာရီကျော်တွင်...
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...