စစ်ကောင်စီက ဘူးသီးတောင်မှာ လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် ဖန်တီးနေဟုဆို

စစ်ကောင်စီက ဘူးသီးတောင်မှာ လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် ဖန်တီးနေဟုဆို

စစ်ကောင်စီက ရခိုင်ပြည်၊ ဘူးသီးတောင်တွင် စစ်ရေးမသမာမှုများနှင့် ဒေသအတွင်း မတည်ငြိမ်မှုများ၊ ပဋိပက္ခများကို ပုံစံအမျိုးမျိုးနှင့်ဖန်တီးနေပြီး ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟု အာရက္ခတပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

လက်ရှိ စစ်ရေးပြင်းထန်နေသည့်အချိန်တွင် ARSA နှင့် ARA အဖွဲ့များမှာ စစ်ကောင်စီထံတွင် သင်တန်းတက်ပြီး စစ်ကောင်စီမှ တပ်ဆင်ပေးသည့် လက်နက်များယူကာ စစ်ကောင်စီနှင့်ပူးပေါင်းပြီး အာရက္ခတပ်တော်ကို တိုက်ခိုက်နေကြောင်းလည်း ၎င်းကဆိုသည်။

“ဒါဟာ အထူးအန္တရာယ်များတဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးကစားကွက်၊ စစ်ရေးမသမာမှုတွေနှင့် ဒေသတွင်း မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေကို ပုံစံအမျိုးမျိုးနှင့် ဖန်တီးပြီးတော့ ဘာသာရေးလူမျိုးရေး အဓိကရုဏ်းတွေဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီသည် မွတ်ဆလင်စစ်သွေးကြွအချို့ကို စစ်သင်တန်းပေးခြင်းနှင့် လက်နက်တပ်ဆင်ပေးပြီး အဆိုပါ လက်နက်ကိုင်များကို ဘူးသီးတောင်မြို့တွင်းနှင့် ဆက်စပ်ရွာအချို့တွင် တပ်ဖြန့်ချထားကာ ရခိုင်မုန်းတီးရေး ညာသံပေးအော်ခိုင်းနေသည်ဟု ဦးခိုင်သုခကဆိုသည်။

ယခုနှစ် ဧပြီလ ၁၁ ရက်က ဘူးသီးတောင်မြို့ထဲတွင် လည်လှီးသတ်ဖြတ်ခံထားရသည့် ရက္ခိုင်လူမျိုး လူငယ် ၂ ဦး၏ ရုပ်အလောင်းကိုတွေ့ရှိရပြီး အဆိုပါလူသတ်မှုမှာ စစ်ကောင်စီနှင့် မွတ်ဆလင်စစ်သွေးကြွများမှ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိ ဘူးသီးတောင်မြို့ပေါ်တွင်ရှိသည့် ရခိုင်လူမျိုးအများစုမှာ စစ်ကောင်စီနှင့် စစ်ကောင်စီသင်တန်းပေး လက်နက်တပ်ဆင်ပေးထားသည့် မွတ်ဆလင်စစ်သွေးကြွများမှ ခြိမ်းခြောက်မှုကြောင့် မြို့ထဲမှ ထွက်ပြေးသွားခဲ့ကြကြောင်းလည်း ဆိုသည်။

လတ်တလောတွင် ဘူးသီးတောင်မြို့ထဲမှ ရခိုင်အိမ်များကို စစ်ကောင်စီနှင့် ၎င်းတို့သင်တန်းပေး လက်နက်တပ်ဆင်ပေးထားသည့် မွတ်ဆလင်များက တန်ဖိုးရှိပစ္စည်းများကို ဖောက်ထွင်းခိုးယူခြင်း၊ နေအိမ်များကို ဖျက်ဆီးခြင်းတို့ကို နေ့စဉ်ရက်ဆက် လုပ်နေကြောင်းလည်း ဦးခိုင်သုခကဆိုသည်။

မြို့ထဲတွင်ကျန်ခဲ့သည့် ဟိန္ဒူဘာသာဝင်အချို့ကိုလည်း အပြင်ထွက်ခွင့်မပေးဘဲ မွတ်ဆလင် လက်နက်ကိုင်များက အသက်အန္တရာယ်ခြိမ်းခြောက်မှုများရှိကြောင်းလည်း သိရသည်။

မွတ်ဆလင် စီးပွားရေးသမားအချို့နှင့် ဘာသာရေးခေါင်းဆောင်အချို့မှာ ၎င်းတို့အကျိုးစီးပွားအတွက် စစ်ကောင်စီဘက်မှ ရပ်တည်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်းနှင့် စစ်သွေးကြွများမှာလည်း စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းသွားရန် အခြေအနေရှိကြောင်း ဦးခိုင်သုခကဆိုသည်။

“မူဆလင်တွေအားလုံး စစ်ကောင်စီနှင့်ပူးပေါင်းတာတော့ မဟုတ်ပါဘူး။ သမာသမတ်ရှိတဲ့ မူဆလင်ဘာသာရေးခေါင်းဆောင်တွေ အနေနှင့် အမှန်တရားကိုပြောပြီးတော့ သူတို့ မူဆလင်အသိုင်းအဝိုင်းကို ထိန်းသိမ်းနိုင်လိမ့်မယ်လိုတော့ ယုံကြည်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

အာရက္ခတပ်တော်အနေဖြင့် ယခင်ရပ်တည်ချက်အတိုင်း အပြစ်မဲ့ပြည်သူများကို အကာအကွယ် ပေးသွားမည်ဖြစ်ကြောင်း၊ အပြစ်ရှိသည့်သူများကို အရေးယူသွားမည်ဖြစ်ကြောင်းနှင့် စစ်ပွဲကာလတွင် စစ်ကာလနှင့်အညီ လိုအပ်သလို ပြတ်သားစွာတုံ့ပြန်သွားမည်ဖြစ်သည်ဟု ဦးခိုင်သုခက ဆက်ပြောသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...