ဓမ္မသကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်းလေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်နေ

ဓမ္မသကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်းလေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်နေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ဓမ္မသကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  ဧပြီလ ၈ ရက်နေ့ နေ့လည်၁ နာရီခွဲ အချိန်မှစပြီး ည ၉ နာရီအထိ စစ်ကောင်စီမှ လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဓမ္မသကျေးရွာအတွင်း တော်လှန်ရေးတပ်ဖွဲ့တို့ သွားလာလှုပ်ရှားနေသည့်အတွက် ယခုရက်ပိုင်းအတွင်း လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းမှု နေ့စဉ်နီးပါး ရှိနေသည့်အပြင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ယခုကဲ့သို့ ဗုံးကျဲတိုက်ခိုက်နေကြောင်း ဓမ္မသရွာခံတစ်ဦးကဆိုသည်။

“လေယာဉ်နဲ့ဗုံးပစ်ချနေတယ်။ လေယာဉ်ပျံသန်းတာက မနက်ဆို ၉ နာရီလောက်ဆို နေ့တိုင်းနီးပါးပါပဲ ၊ ဒီနေ့ က သူပစ်ချလာနေတာရေတပ်ကနေလဲ လက်နက်ကြီး ပစ်နေတယ်။မီးခိုးထွက်နေတုန်း ဘယ်လောက် မီးလောင်သွားလဲမသိဘူး။ တော်လှန်ရေးတပ်တို့က ဓမ္မသဘက်ရှိနေတော့ သူတို့ဆက်ပစ်နေမှာပဲ” ဟု ကော့ဘိန်းကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

ကော့ဘိန်းတိုက်ပွဲစဖြစ်ပွားချိန်ကတည်းက သံကလောင်ရွာနှင့် တရနာရွာဘက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ဓမ္မသကျေးရွာဘက်တွင်လှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း ဒေသတွင်းသတင်းအရင်းမြစ်တို့ထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီမှ မကြာခဏလေယာဉ်ဖြင့်ဗုံးကျဲခြင်း လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့မှစပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ကျေးရွာအတွင်းဝင်ထွက်သွားလာခွင့်ကို ပိတ်ထားကြောင်း ကော့ဘိန်းရွာခံတစ်ဦးကပြောသည်။

“လက်နက်ကြီးရော ဗုံးရောကျဲနေတယ်ဆိုတော့ ရွာသားတွေကို ရွာထဲမပေးဝင်တော့ဘူး။ နောက်ပြီးအဲ့လိုမပိတ်ထားရင် ရွာမှာလူမရှိတော့ ပစ္စည်းတွေလာဝင်ခိုးယူတဲ့သူတွေရှိတယ်။ အခုဆိုအိမ်သားတွေက တော့ အရင်တုန်းကပစ္စည်းသွားဝင်ယူတာရှိတယ်" ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့်မတ်လ ၂၄ ရက်နေ့တွင် ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မတ်လ ၂၅ ရက်နေ့တွင် ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ပူးပေါင်း တပ်ဖွဲ့တို့ကသိမ်းယူ နိုင်ခဲ့သည်။

အဆိုပါရဲစခန်းကိုသိမ်းပိုက်လိုက်ပြီးနောက် မတ်လ ၂၇ ရက်နေ့ စစ်ကောင်စီရေတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ် ၃၀၀ကျော်မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံများရွာလုံးကျွတ်ထွက်ပြေးခဲ့ရကြောင်း သိရသည်။

တိုက်ပွဲကြောင့် ကော့ဘိန်း၊ ကော့ပေါက်၊ ဘုရားကြီး၊ ဓမ္မသ၊သံကလောင်၊ တရနာနှင့် ကော့သပ်စသဖြင့်အနီးနား ကျေးရွာများမှ ဒေသခံများမှာယနေ့အချိန်ထိ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

Most read this week

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...