PNLA ကို ပစ္စည်းပို့ဆောင်ပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားတချို့ ဖမ်းဆီးစစ်ဆေးခံနေရ

PNLA ကို ပစ္စည်းပို့ဆောင်ပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားတချို့ ဖမ်းဆီးစစ်ဆေးခံနေရ

တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း စတဲ့မြို့နယ်အတွင်းမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ကို ပစ္စည်းတွေ ပို့ဆောင်ပေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားတချို့ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO)ရဲ့ မတ်လ (၂၆)ရက် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါအရပ်သားတွေကို စစ်ကောင်စီနဲ့ ပြည်သူ့စစ် ( PNO ) က ဖမ်းဆီးတာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

ဖေဖော်ဝါရီလ (၂၁)ရက်နေ့ကနေ မတ်လ(၂၃)ရက်နေ့အထိ ရက်ပေါင်း (၆၃)ရက်အတွင်း အရပ်သား(၂၀)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ကုန်ပစ္စည်းလာ ရောင်းတဲ့လမ်းပေါ်မှာ ဖမ်းဆီးရတာတွေ၊ အိမ်ပြန်လမ်းမှာ အဖမ်းဆီးခံရတာ၊ PNLA ပစ္စည်းပို့ဆောင်ပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတာ၊တချို့ကျတော့ အကြောင်းရင်းကတော့ သေချာမသိရတဲ့အပိုင်းတွေလည်း ရှိတာပေါ့နော်”လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း PYOရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဖမ်းဆီးခံရသူ ၂၀ ဦး ထဲမှာ ပြန်လည်လွတ်မြောက်လာသူ ၁၁ဦး၊ သေဆုံးခဲ့သူ ၂ဦး ၊ ဖမ်းဆီးထိန်းသိမ်း ခံရဆဲ ၆ဦးနဲ့  အခြားအခြေအနေ မသိရသေးသူ ၁ဦး ရှိပြီး အဆိုပါ အချက်အလက်တွေဟာ လက်လှမ်းမီအတည်ပြုနိုင်တဲ့ စာရင်းတွေသာဖြစ်တယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်းကဆိုပါတယ်။

ဓာတ်ပုံ-CJ
June 5, 2026
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ခြမ်း ဝေါ်လေဗျူဟာကုန်းမှာ နှစ်ဖက်တိုက်ပွဲ...
June 4, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အာဏာသိမ်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးတွေက...
June 3, 2026
တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကော်မရှင်တပ်စခန်းတွေကို...
June 2, 2026
သထုံခရိုင်အတွင်းက မြို့နယ်အခြေစိုက်တပ်တွေမှာ အာဏာသိမ်းစစ်တပ်ဘက်က စစ်ရေးပြင်ဆင်မှု ပိုလုပ်လာပြီး...