၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်လျှောက်လွှာတင်ထားပြီးဖြေဆိုခွင့်မရခဲ့တဲ့ကျောင်းသား/သူတွေအတွက်
အထူးအစီအစဥ် တစ်ရပ်အနေဖြင့်သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်ရှိသတ်မှတ်ထားသည့် စာစစ်ဌာနများတွင်စုစည်းခေါ်ယူပြီး ဖြေဆိုရန် ပြန်စီစဉ်ပေးမည်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကမတ်လ ၁၉ ရက်မှာ ကြေညာထားကာ
ဧပြီလ ၂၉ ရက်မှ မေလ ၆ ရက်အထိကျင်းပမယ်ဖြစ်ကာ ချင်းပြည်နယ်မှာမတူပီမြို့မှာကျင်းပမယ်လို့မြန်မာနိုင်ငံစာစစ်ဌာနကထုတ်ပြန်ချက်အရသိရပါတယ်။
မတ်လ ၁၁ ရက်ကစပြီး ကျင်းပခဲ့တဲ့ စနစ်သစ် ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ချင်းပြည်နယ်မှာတက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ ၁၇၂၃ ရှိတဲ့အနက် အမှန်တကယ် လာရောက်ဖြေဆိုသူမှာ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူ အယောက် ၁၃၂၂ ရှိကြောင်းချင်းပြည်နယ်ပညာရေးရုံးနဲ့နီးစပ်သူဆီကသိရပါတယ်။