တက္ကသိုလ်ဝင်စာမေးပွဲကို အထူးအစီအစဉ်ဖြင့် ချင်းပြည်နယ်မှာမတူပီတွင် ဧပြီလ ၂၉ ရက်မှ မေလ ၆ ရက်အထိကျင်းပမည်

တက္ကသိုလ်ဝင်စာမေးပွဲကို အထူးအစီအစဉ်ဖြင့် ချင်းပြည်နယ်မှာမတူပီတွင် ဧပြီလ ၂၉ ရက်မှ မေလ ၆ ရက်အထိကျင်းပမည်

၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်လျှောက်လွှာတင်ထားပြီးဖြေဆိုခွင့်မရခဲ့တဲ့ကျောင်းသား/သူတွေအတွက်

အထူးအစီအစဥ် တစ်ရပ်အနေဖြင့်သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်ရှိသတ်မှတ်ထားသည့် စာစစ်ဌာနများတွင်စုစည်းခေါ်ယူပြီး ဖြေဆိုရန် ပြန်စီစဉ်ပေးမည်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကမတ်လ ၁၉ ရက်မှာ ကြေညာထားကာ

ဧပြီလ ၂၉ ရက်မှ မေလ ၆ ရက်အထိကျင်းပမယ်ဖြစ်ကာ ချင်းပြည်နယ်မှာမတူပီမြို့မှာကျင်းပမယ်လို့မြန်မာနိုင်ငံစာစစ်ဌာနကထုတ်ပြန်ချက်အရသိရပါတယ်။

မတ်လ ၁၁ ရက်ကစပြီး ကျင်းပခဲ့တဲ့ စနစ်သစ် ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ချင်းပြည်နယ်မှာတက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ ၁၇၂၃ ရှိတဲ့အနက် အမှန်တကယ် လာရောက်ဖြေဆိုသူမှာ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူ အယောက် ၁၃၂၂ ရှိကြောင်းချင်းပြည်နယ်ပညာရေးရုံးနဲ့နီးစပ်သူဆီကသိရပါတယ်။

 

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...