စစ်ကောင်စီထံ တပ်သားသစ်စုပေးသည့် အုပ်ချုပ်ရေးမှူးများကို ပြင်းထန်စွာအရေးယူမည်ဟု TNLA သတိပေး

စစ်ကောင်စီထံ တပ်သားသစ်စုပေးသည့် အုပ်ချုပ်ရေးမှူးများကို ပြင်းထန်စွာအရေးယူမည်ဟု TNLA သတိပေး
PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန

စစ်ကောင်စီထံတွင် စစ်မှုူထမ်းရန်အတွက် တပ်သားသစ်စုဆောင်း‌ပေးသည့် အုပ်ချုပ်ရေးမှူးများကို ပြင်းထန်စွာ အရေးယူသွားမည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က ယနေ့ ထုတ်ပြန်လိုက်သည်။

စစ်မှုထမ်းရန်အတွက် အုပ်ချုပ်ရေးမှူးများအား အဓမ္မစစ်သားစုဆောင်းခိုင်းစေခြင်းကို မြို့မိ/မြို့ဖအပါအဝင် ရပ်ရွာလူထုနှင့် PSLF/TNLA က လက်မခံကြောင်းနှင့် အုပ်ချုပ်ရေးမှူး တစ်ဦးဦးသည် လူထုဆန္ဒအား ဆန့်ကျင် ကျော်လွန်ပြီး စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးပါက အဆိုပါ အုပ်ချုပ်ရေးမှူးကို ပြင်းထန်စွာ အရေးယူသွားမည်ဟု PSLF/TNLA က ဆိုသည်။

အသင့်အတင့် တည်ငြိမ်အေးချမ်းနေပြီဖြစ်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ စစ်ဒေသအတွင်းရှိ လားရှိုးမြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်တို့တွင် ပြည်သူ့ဘဝလုံခြုံနေမှုတို့ကို ခြိမ်းခြောက်ကာ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက အဓမ္မစစ်သားသစ်စုဆောင်းနေကြောင်း ပြည်သူလူထုများမှ  PSLF/TNLA ထံ တိုင်ကြားအကူအညီ တောင်းခံလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီ၏ စစ်သားသစ်စုဆောင်းနေပုံမှာ ရပ်ကွက်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စစ်စုအုပ်ချုပ်ရေးမှူးတို့ကို သတ်မှတ်ထားသည့် တပ်သားသစ်လူဦးရေအတိုင်း စစ်ကောင်စီတပ်သို့ စုဆောင်းပို့ဆောင်ပေးရန် ချမှတ်ထားကြောင်း ဆိုထားသည်။

လက်ရှိတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့သည် စစ်ကောင်စီ၏ အဓမ္မဖိအားပေးစေခိုင်းမှုကို မလွှဲမရှောင်သာ၍ အချို့နေရာတွင် စတင်ပြီး အကောင်အထည်ဖော်နေကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတဝန်းတွင် စစ်ရေးအရ အရှုံးနှင့် ဩရင်ဆိုင်နေရသော စစ်ကောင်စီသည် အသက်ပြည့်သည့် နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကြေညာခဲ့သည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...