လာအိုကလွဲပြီး ကျန်တဲ့အိမ်နီးနားချင်း နိုင်ငံတွေကို ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား ၁,၀၀၀ နီးပါးထိရှိလာ

လာအိုကလွဲပြီး ကျန်တဲ့အိမ်နီးနားချင်း နိုင်ငံတွေကို ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား ၁,၀၀၀ နီးပါးထိရှိလာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မတ်လ ၁၁ ရက်နေ့တွင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကိုတွေ့ရစဉ်/ Photo : Daka Tribune
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မတ်လ ၁၁ ရက်နေ့တွင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကိုတွေ့ရစဉ်/ Photo : Daka Tribune

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့အချိန်ကနေ ဒီနေ့အထိ အိမ်နီးချင်းနိုင်ငံတွေထဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားအရေအတွက် ၁,၀၀၀ နီးပါး ရှိလာပြီလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အိမ်နီးချင်းနိုင်ငံအခြေစိုက် သတင်းဌာနတွေရဲ့ ထုတ်ပြန်ဖော်ပြချက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံထဲမှာ လာအိုနိုင်ငံကလွဲပြီး ကျန်တဲ့ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဘက်ကို နယ်စပ်ကနေ ထွက်ပြေးကြတာဖြစ်ပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ တပ်စခန်းတွေကဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးသွားခဲ့ကြတာပါ။

အဲဒီထဲမှာ အများဆုံးအဖြစ် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့သူ အယောက် ၅၀၀ ကျော်၊ အိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေးတဲ့သူက ၄၀၀ ကျော်ရှိနေတယ်လို့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အစိုးရပိုင်းတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှာလည်း ကရင်ပြည်နယ်က ရာနဲ့ချီတဲ့စစ်ကောင်စီတပ်သားတွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါသေးတယ်။

အဲဒီထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကိုတော့ သက်ဆိုင်ရာနိုင်ငံတွေက ပြန်လည်ပို့ဆောင်မှုတွေရှိခဲ့ပြီး အဲဒီကိစ္စတွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

June 6, 2026
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်းပိုင်းအတွင်း စစ်အုပ်စုနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို ဇွန်လ ၅...
June 3, 2026
စစ်ရှောင်ကျောင်းသူ/သား ၁,၀၀၀ ကျော် တက်ရောက်နေတဲ့ နောင်းချိန်းအထက်တန်းကျောင်းမှာ...
June 2, 2026
မြန်မာက ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် မြေရှားသတ္တု အကြောင်းဆွေးနွေးခဲ့တယ်လို့...
May 30, 2026
ခါကာဘို — ကချင်ပြည်နယ်မြောက်ဖျားက နှင်းဖုံးတောင်တန်းတွေ ဝန်းရံထားတဲ့ ပူတာအိုဒေသကို...