ထိုးစစ် ၁၁ ရက်အတွင်း စစ်ကောင်စီစခန်းကြီး/ငယ် ၂၄ ခုကို သိမ်းပိုက်ထားနိုင်ပြီလို့ ဗိုလ်မှူးကြီးနော်ဘူပြော

ထိုးစစ် ၁၁ ရက်အတွင်း စစ်ကောင်စီစခန်းကြီး/ငယ် ၂၄ ခုကို သိမ်းပိုက်ထားနိုင်ပြီလို့ ဗိုလ်မှူးကြီးနော်ဘူပြော
ဓါတ်ပုံ- KIA စစ်သင်တန်းတစ်နေရာ။
ဓါတ်ပုံ- KIA စစ်သင်တန်းတစ်နေရာ။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စတင်လိုက်တဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က ထိုးစစ် ၁၁ ရက်အတွင်း စစ်ကောင်စီရဲ့ စခန်းကြီး/ငယ်ပေါင်း ၂၄ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။

မတ်လ ၇ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ လိုင်ဇာဌာနချုပ်အနီးက စစ်ကောင်စီရဲ့ စခန်းကုန်းကြီးတွေ အပါအဝင် စခန်းကြီး ၁၀ ခုနဲ့ စခန်းငယ် စုစုပေါင်း ၁၄ ခုကို သိမ်းပိုက်ထားနိုင်ပြီလို့ ဆိုပါတယ်။

"တိုက်ပွဲစစ်ဆင်ရေးအတွင်း အရေးအကြီးတဲ့ စစ်ကောင်စီတပ်စခန်းကြီး ၁၀ခုနဲ့ စခန်းငယ် ၁၄ ခု အားလုံးပေါင်း ၂၄ ခုကို သိမ်းပိုက်ထားပြီ"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်ကောင်စီရဲ့ အထိုင်တပ်စခန်းကြီးတွေ ဖြစ်တဲ့ အင်တပ်(စ်)တောင်(N tap Bum dap)တပ်စခန်း၊ဖွန်းပျန်တောင် (Hpun hpyen bum)၊ နမ်ဖတ်ချောင်းတံတားဂိတ်စခန်း(Nam Hpak Hka Mahkrai post)၊ မလိတပ်စခန်းကြီး၊ ခယာတောင်(Hkaya Bum)တပ်စခန်းကြီး၊ ဘွမ်ရယ်တောင်(Bumre bum)တွေအပါအဝင် အခြားစခန်းငယ်တွေကို သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီစခန်းကြီးတွေထဲကမှ တစ်ခုဖြစ်တဲ့ ခယာတောင်တပ်စခန်းကုန်းဟာ KIA ကနေ ဆယ်စုနှစ်တစ်ခုကြာ လက်လွှတ်ခဲ့ရတဲ့တပ်စခန်းကုန်းဖြစ်ပြီး မတ်လ ၉ ရက်နေ့မှာတော့ အပြီးသတ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ လဂျားယန်ကျေးရွာအနီးက လိုင်ဇာနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ မဆဲန်(မ်)တောင်(Masen bum) စစ်ကောင်စီတပ်စခန်းကိုလည်း အပြီးသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

လိုင်ဇာမြို့အနီးက စစ်ကောင်စီအထိုင်တပ်စခန်းကြီးဖြစ်တဲ့ ဘွမ်ရေတောင်(Bumre Bum)ကိုတော့ မတ်လ ၁၅ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးအပြင် ဖားကန့်ဒေသနဲ့ ဆွမ်ပရာဘွမ်မြို့တွေမှာလည်း KIA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး KIA က စခန်းတွေကို သိမ်းထားနိုင်တဲ့ပြင် စစ်ကောင်စီဘက်က လေကြောင်းနဲ့ ခုခံတိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။

Most read this week

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...