ဟားခါးမြို့မှာ စစ်မှုထမ်းဖို့ စတင်ဆင့်ခေါ်နေ

ဟားခါးမြို့မှာ စစ်မှုထမ်းဖို့ စတင်ဆင့်ခေါ်နေ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အရွယ်ရောက်ပြီးသား လူငယ်တွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီက စတင်ဆင့်ခေါ်နေပြီဖြစ်ကြောင်း ဟားခါးဒေသခံတွေက ဆိုပါတယ်။

“ဟုတ်ပါတယ်၊ ဒီနေ့က ဟားခါးမြို့ တွင်း ရပ်ကွက် ၂ ခုမှာ ဆင့်ခေါ်စာတွေ လိုက်ပေးနေပြီပြောကြတာဘဲ၊ မြင်တဲ့သူတွေ ရှိတာကိုး၊ သူတို့က အဖွဲ့လိုက် တစ်အိမ်တက် တစ်အိမ်ဆင်းပေါ့။ “ လို့ ဆိုပါတယ်။

ဆင့်ခေါ်ခံရသူတွေအနေနဲ့ သတင်းပေးပို့ဖို့ ပျက်ကွက်ရင် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ  အရေးယူမယ်လို့လည်း ဟားခါးမြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ရဲ့ ဆင့်ခေါ်စာမှာ ပါရှိပါတယ်။

ချင်းပြည်နယ်တွင်း ဟားခါးတစ်မြို့ထဲမက ဖလမ်းမြို့နဲ့ မင်းတပ်မြို့တွေမှာလည်း စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်လို့ စစ်ကောင်စီက စတင်လုပ်ဆောင်နေကြပြီဖြစ်ကြောင်းလည်း ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။

စစ်ကောင်စီက ထုတ်ပြန်တဲ့ စစ်မှုထမ်း ဥပဒေမှာ အရွယ်ရောက်ပြီးသား အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အကြား အမျိုးသားတိုင်းနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ် အကြား အမျိုးသမီးတိုင်း စစ်မှုထမ်းရပါမယ်လို့ ပါရှိပါတယ်။

မြန်မာတစ်နိုင်ငံလုံး ကျင့်သုံးဖို့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်မှုမထမ်းမနေရ အမိန့်ကြေညာစာ ထုတ်ထားခဲ့တာ ဖြစ်ကာ လာမယ့် ဧပြီလရယ်လကုန် (သင်္ကြန်ရုံးပိတ်ရက်) မှာ အပတ်စဉ် ၁ ခေါ်ယူသွားမှာ ဖြစ်ပြီး အမျိုးသမီးတွေကိုတော့ ဆင့်ခေါ်ဖို့ လက်တလော အစီအစဉ်မရှိသေးကြောင်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။

ဒီနေ့ မတ်လ ၁၈ ရက်နေ့မှာလည်း ချင်းပြည်နယ် မြို့တော် ဟားခါးမြို့တွင်းမှာ စစ်ကောင်စီတပ်နဲ့ ချင်းလက်နက်ကိုင်အဖွဲ့အစည်းတွေ အခုထိ ပစ်ခတ်မှုတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့  ဟားခါးမြို့ဒေသခံတွေက ဆိုပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...