စစ်ကောင်စီက မင်းတပ်မြို့နယ်ထဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ကလေးငယ်တစ်ဦးအပါအ၀င် ၂ ဦးဒဏ်ရာရ

စစ်ကောင်စီက မင်းတပ်မြို့နယ်ထဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ကလေးငယ်တစ်ဦးအပါအ၀င် ၂ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ အမှတ် (၁) တိုက်နယ်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းဖြင့် ၂ ကြိမ်တိုက်ခိုက်ပြီး စစ်သေနတ်ဖြင့်ပါ ပစ်ခတ်သောကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သတင်း ရရှိသည်။

“စစ်ကောင်စီက လေကြောင်းနဲ့ တိုက်နယ် ၁ ဘက်က နေရာတခုကို အကြောင်းမဲ့ ပစ်သွားတာပါ။ အဲဒီမှာ တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိပဲနဲ့ ဗုံး ၄ လုံး ကြဲချပြီးတော့ ပွိုင့်ဖိုက်နဲ့လည်း ပစ်ခတ်ခဲ့တယ်” ဟု မင်းတပ်မြို့ခံ တစ်ဦးက ပြောသည်။

ယနေ့ မတ်လ ၈ ရက် နံနက် ၁၀ နာရီ ၂၀ ခန့်တွင် စစ်ကောင်စီ၏ မကွေးတိုင်းဘက်မှ တက်လာသော ဂျက်ဖိုက်တာ (၁) စီးဖြင့် မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁) ဘက်ကို ၂ ကြိမ်တိုက်ခိုက်ပြီး ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့ကာ ပွိုင့်ဖိုက်ဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ကလေးငယ် (၁) ဦး နှင့် အမျိုးသား (၁) ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အရပ်သားနေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...