လိုင်ဇာဌာချုပ်အနီးက စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့ ဝိုင်းမော်-လိုင်ဇာလမ်းက တပ်စခန်းအချို့ကို KIA တစ်ပြိုင်နက် ထိုးစစ်ဆင်

လိုင်ဇာဌာချုပ်အနီးက စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့ ဝိုင်းမော်-လိုင်ဇာလမ်းက တပ်စခန်းအချို့ကို KIA တစ်ပြိုင်နက် ထိုးစစ်ဆင်

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ပတ်လည်က  စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့   ဝိုင်းမော်-လိုင်ဇာ လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်း အချို့ကို ဒီကနေ့ မနက်ပိုင်းက KIA ကနေ  တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ အထိုင်တပ်စခန်းတွေဖြစ်တဲ့ ခယာတောင်(Hkaya Bum)၊ဘွမ်ရဲတောင်(Bumre bum)၊ ဖွန်းပျန်တောင် (Hpun hpyen bum)အနီးအနားကို  ဒီကနေ့မနက် ၅ နာရီကျော်လောက်ကနေ KIA ဘက်က စတင်ထိုးစစ်ဆင်တိုက်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"ဒီမနက် ၅ နာရီကျော်လောက်ကနေ လက်နက်ငယ်အသံစ ကြားလာတာ။ ပြီးမှ လက်နက်ကြီးတွေရော ပစ်ကြတာ ခုထိပဲ"လို့ ဆိုပါတယ်။

ဒါ့အပြင် ဝိုင်းမော်-လိုင်ဇာ လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းအချို့ကိုလည်း KIA ဘက်က ဒီကနေမနက် ၆ နာရီလောက်ကနေ ထိုးစစ်ဆင်တိုက်နေတယ်လို့လည်း လိုင်ဇာဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

ဒီကနေ့မနက် ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာမှာတော့ ဆက်လက်စုံးစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

"မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက် အရင်စမြည်တာ။ နေရာတော်တော်များများတော့ မြည်ပြီထင်တယ်။ အတိအကျတော့ မသိရသေးဘူး ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ရဲ့ ရှဒန်ပါ တပ်စခန်း (Shadan Pa Dap)၊ အင်တပ်(စ်)တောင်(N tap Bum dap)တပ်စခန်း၊ အင်လုံခ (Nlung Hka)နဲ့ ရွှေညောင်ပင် ခလရ ၃၂၁ တပ်စခန်းတွေဘက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ပြောဆိုနေကြပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ‌တော့ မရှိသေးပါဘူး။

ဝိုင်းမော် -လိုင်ဇာတစ်လျှောက်ကို စစ်ကောင်စီကနေ ၂၀၂၃ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ကနေစပြီး လက်ရှိအချိန်ထိ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး ဆမားလမ်းခွဲကနေ မကျော်နိုင်သေးပါဘူး။

Most read this week

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...