လိုင်ဇာဌာချုပ်အနီးက စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့ ဝိုင်းမော်-လိုင်ဇာလမ်းက တပ်စခန်းအချို့ကို KIA တစ်ပြိုင်နက် ထိုးစစ်ဆင်

လိုင်ဇာဌာချုပ်အနီးက စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့ ဝိုင်းမော်-လိုင်ဇာလမ်းက တပ်စခန်းအချို့ကို KIA တစ်ပြိုင်နက် ထိုးစစ်ဆင်

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ပတ်လည်က  စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့   ဝိုင်းမော်-လိုင်ဇာ လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်း အချို့ကို ဒီကနေ့ မနက်ပိုင်းက KIA ကနေ  တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ အထိုင်တပ်စခန်းတွေဖြစ်တဲ့ ခယာတောင်(Hkaya Bum)၊ဘွမ်ရဲတောင်(Bumre bum)၊ ဖွန်းပျန်တောင် (Hpun hpyen bum)အနီးအနားကို  ဒီကနေ့မနက် ၅ နာရီကျော်လောက်ကနေ KIA ဘက်က စတင်ထိုးစစ်ဆင်တိုက်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"ဒီမနက် ၅ နာရီကျော်လောက်ကနေ လက်နက်ငယ်အသံစ ကြားလာတာ။ ပြီးမှ လက်နက်ကြီးတွေရော ပစ်ကြတာ ခုထိပဲ"လို့ ဆိုပါတယ်။

ဒါ့အပြင် ဝိုင်းမော်-လိုင်ဇာ လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းအချို့ကိုလည်း KIA ဘက်က ဒီကနေမနက် ၆ နာရီလောက်ကနေ ထိုးစစ်ဆင်တိုက်နေတယ်လို့လည်း လိုင်ဇာဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

ဒီကနေ့မနက် ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာမှာတော့ ဆက်လက်စုံးစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

"မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက် အရင်စမြည်တာ။ နေရာတော်တော်များများတော့ မြည်ပြီထင်တယ်။ အတိအကျတော့ မသိရသေးဘူး ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ရဲ့ ရှဒန်ပါ တပ်စခန်း (Shadan Pa Dap)၊ အင်တပ်(စ်)တောင်(N tap Bum dap)တပ်စခန်း၊ အင်လုံခ (Nlung Hka)နဲ့ ရွှေညောင်ပင် ခလရ ၃၂၁ တပ်စခန်းတွေဘက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ပြောဆိုနေကြပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ‌တော့ မရှိသေးပါဘူး။

ဝိုင်းမော် -လိုင်ဇာတစ်လျှောက်ကို စစ်ကောင်စီကနေ ၂၀၂၃ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ကနေစပြီး လက်ရှိအချိန်ထိ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး ဆမားလမ်းခွဲကနေ မကျော်နိုင်သေးပါဘူး။

May 16, 2026
သေခြင်းတရားနဲ့ အနီးစပ်ဆုံး အခြေအနေကို ကြုံရပြီးတဲ့နောက် ဒေါ်ဆိုင်းပန်တစ်ယောက် သူ့ရဲ့...
May 14, 2026
ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာနေတာကြောင့် ကျောင်းသားမိဘအချို့ဟာ မိမိတို့သားသမီးတွေ ...
May 11, 2026
ပြီးခဲ့တဲ့ ဧပြီတစ်လတာအတွင်း နိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက်...
မှော်စီစာနှင့် ကုဋေလမ်းဆုံတွင် လေယာဉ်ဗုံးကျရောက်ပေါက်ကွဲစဉ်။ (Credit)
May 9, 2026
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုအတွင်းကို စစ်အုပ်စုက...