စစ်ဘေးရှောင်ဖို့သွားတဲ့ကားတစ်စီး တိမ်းမှောက်လ်ို့ (၂) ဦးသေဆုံးပြီး ယာဉ်ပေါ်လိုက်ပါသူအားလုံး ထိခိုက်ဒဏ်ရာရ

စစ်ဘေးရှောင်ဖို့သွားတဲ့ကားတစ်စီး တိမ်းမှောက်လ်ို့ (၂) ဦးသေဆုံးပြီး ယာဉ်ပေါ်လိုက်ပါသူအားလုံး ထိခိုက်ဒဏ်ရာရ

ကလေးမြို့ကနေ အိန္ဒိယ-မြန်မာနယ်စပ်ဘက်ကို စစ်ဘေးရှောင်ဖို့ သွားတဲ့ကားတစ်စီး  ယမန်နေ့ မတ်လ (၆)ရက်နေ့က ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့ပြီး ၂ ဦးသေဆုံးကာ၊ ယာဉ်ပေါ်စီးနှင်းပါလာသူ အားလုံးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေကို သယ်လာတဲ့ ပေါင်မှန့်ကားတစ်စီးဟာ တီးတိန်မြို့နယ် လမ်ဇန်းကျေးရွာအနားမှာ တိမ်းမှောက်မှု ဖြစ်ခဲ့ပြီး ၂ ဦးသေဆုံးရသလို ကလေး (၅) ဦးအပါဝင် ယာဉ်ပေါ်စီးနှင်းလိုက်ပါသူ အားလုံးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကလေး ၅ ယောက်အပါအဝင် ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို တီးတိန်မြို့ ပြည်သူ့ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့တယ်လို့ သိရပြီး သေဆုံးသူ (၂) ဦးကိုတော့ ဇာတိကလေးမှာ သဂြိုလ်သွားမယ်လို့လည်း သိရပါတယ်။

ကလေးမြို့ပတ်ဝန်းကျင်နဲ့ ကလေးမြို့အတွင်းကို စစ်ရေးအရှိန်အဟုန် တိုးမြင့်တိုက်ခိုက်မှာ ဖြစ်လို့ ပြည်သူတွေရှောင်ကြဖို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ကလေးမြို့အတွင်း ဒေသခံတချို့က တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားလာမှာကို စိုးရိမ်ကြပြီး နီးစပ်ရာတွေကို ထွက်ပြေးတိမ်းရှောင်ကြသလို အိန္ဒိယနယ်စပ်ဘက်ကိုလည်းထွက်ပြေးတိမ်းရှောင်ကြပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...