မံစီမြို့နယ်က စစ်ကောင်စီရဲ့ Maji Gung(မဂျီဂုန်) ဗျူဟာကုန်းကို KIA တိုက်ခိုက်သိမ်းပိုက်

မံစီမြို့နယ်က စစ်ကောင်စီရဲ့ Maji Gung(မဂျီဂုန်) ဗျူဟာကုန်းကို KIA တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီတပ်ရင်းသုံးခု စခန်းချနေထိုင်တဲ့ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်က Maji Gung(မဂျီဂုန်) ဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ့ မတ်လ ၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။

စစ်ကောင်စီတပ်ရင်း ခလရ၁၀၂၊ ခလရ ၂၅၀၊ ခမရ ၄၂၇ တပ်ရင်း ၃ ခု အထိုင်စခန်းချနေထိုင်တဲ့ အဲဒီဗျူဟာကုန်းကို KIAဘက်က မတ်လ ၁ ရက်နေ့ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး မတ်လ ၃ ရက်နေ့ ညနေပိုင်းမှာအပြီးသိမ်းပိုက်နိုင်ခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"မဂျီဂုန်ကို မတ်လ ၁ရက်နေ့ကနေ စပစ်တယ်။ သုံးရက်လောက်ပစ်ပြီး တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာပေါ့။"လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး/ငယ် အများအပြားသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အမျိုးအစား ဘယ်လောက်သိမ်းနိုင်ခဲ့တယ်ဆိုတဲ့ စာရင်းအတိအကျကိုတော့ မသိရှိရသေးဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ နှစ်ဖက်တပ် ထိခိုက်ကျရှုံးမှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ နှစ်ဖက်တပ်ထိခိုက်ကျရှုံးမှုတွေရှိပေမဲ့ အတိအကျတော့ မသိရှိရသေးဘူးလို့လည်း ထပ်မံဖြေကြားပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ရက်နေ့ကလည်း မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အထိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက် လိုက်ပါတယ်။

၂၀၂၄ ခုနှစ် နှစ်စပိုင်းမှာပဲ KIA စစ်ကောင်စီကောင်စီတို့ကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး KIA ကနေ စခန်းသိမ်းတိုက်ပွဲတွေ ပြုလုပ်လာတာကိုလည်း တွေ့ရပါတယ်။

April 3, 2026
စက်သုံးဆီအသုံးပြုမှု လျှော့ချဖို့ဆိုပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ပုဂ္ဂလိကလုပ်ငန်းတွေအနေနဲ့...
April 2, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို လေကြောင်းခရီးစဉ်တွေ ဧပြီ ၅ ရက်ကစပြီး ပြန်လည်ပြေးဆွဲမယ်လို့...
April 1, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်တွေဘက် တစ်ပတ်အတွင်း တိုက်ပွဲ ၉...
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလပိုင်းက စက်သုံးဆီဝယ်ယူလို့မရဘဲ ပြတ်လပ်ခဲ့ချိန် အချိန်မှီထွန်ယက်ပြီးစီးရန် လူအင်အားသုံးထွန်ယက်ခဲ့ရစဉ်။
March 31, 2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်မှာ စက်သုံးဆီဈေးမြင့်တက်နေတာကြောင့် တောင်ယာ၊...