ပလက်ဝနဲ့ မီဇိုရမ်ပြည်နယ်အကြားဖောက်လုပ်တဲ့ ကားလမ်းကို လာကြည့်တဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကို AAအဖွဲ့က လုံခြုံရေးယူပေးခဲ့

ပလက်ဝနဲ့ မီဇိုရမ်ပြည်နယ်အကြားဖောက်လုပ်တဲ့ ကားလမ်းကို လာကြည့်တဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကို AAအဖွဲ့က လုံခြုံရေးယူပေးခဲ့

အိန္ဒိယ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ချင်းပြည်နယ် ပလက်ဝမြို့နယ်အကြား ဖောက်လုပ်တဲ့ ကားလမ်းကို မီဇိုရမ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် Pu Valalvena နဲ့ အဖွဲ့က လာရောက်ကြည့်ရှု့ခဲ့ပြီး  ရက္ခိုင့်တပ်တော်(AA) က လုံခြုံရေးယူပေးခဲ့တဲ့ကြောင်း ဒေသတွင်း သတင်းတွေ ဖော်ပြချက်အရသိရပါတယ်။

ချင်းပြည်နယ်ပလက်ဝမြို့နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကိုချိတ်ဆက်ထားတဲ့ လေးလမ်းသွားကားလမ်းကို  ၂၀၂၀ ခုနှစ်ကစလို့ အခြေနေ အမျိုးမျိုးကြောင့် ရပ်နားထားခဲ့ရပါတယ်။

ပလက်ဝ - ဇိုရမ်ပူ ကားလမ်းဟာ ပလက်ဝဆိပ်ခံတံတားကနေ အိန္ဒိယနိုင်ငံအထိ ဆက်သွယ်သွားလာနိုင်အောင် ဖောက်လုပ်ထားတဲ့ လေးလမ်းသွား ကားလမ်းလည်းဖြစ်ပါတယ်။

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၄၈၄ သန်းရင်းနှီးမြုပ်နှံထားပြီး အိန္ဒိယ - မြန်မာချစ်ကြည်ရေးအဖြစ် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။

ပလက်ဝ - ဇိုရမ်ပူ ကားလမ်းစီမံကိန်းကို ၅ နှစ်အတွင်း အပြီး အကောင်ထည်ဖော်မယ်လို့ ၂၀၂၃ ခုနှစ် နှစ်စပိုင်းလောက်ကနေ ပြန်လည်စတင်ဖို့ လုပ်ဆောင်ခဲ့တာတွေ ရှိခဲ့ပေမယ့် ဒေသတွင်းတိုက်ပွဲတွေကြောင့် ရပ်နားခဲ့ရပြန်ပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...