ပလက်ဝနဲ့ မီဇိုရမ်ပြည်နယ်အကြားဖောက်လုပ်တဲ့ ကားလမ်းကို လာကြည့်တဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကို AAအဖွဲ့က လုံခြုံရေးယူပေးခဲ့

ပလက်ဝနဲ့ မီဇိုရမ်ပြည်နယ်အကြားဖောက်လုပ်တဲ့ ကားလမ်းကို လာကြည့်တဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကို AAအဖွဲ့က လုံခြုံရေးယူပေးခဲ့

အိန္ဒိယ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ချင်းပြည်နယ် ပလက်ဝမြို့နယ်အကြား ဖောက်လုပ်တဲ့ ကားလမ်းကို မီဇိုရမ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် Pu Valalvena နဲ့ အဖွဲ့က လာရောက်ကြည့်ရှု့ခဲ့ပြီး  ရက္ခိုင့်တပ်တော်(AA) က လုံခြုံရေးယူပေးခဲ့တဲ့ကြောင်း ဒေသတွင်း သတင်းတွေ ဖော်ပြချက်အရသိရပါတယ်။

ချင်းပြည်နယ်ပလက်ဝမြို့နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကိုချိတ်ဆက်ထားတဲ့ လေးလမ်းသွားကားလမ်းကို  ၂၀၂၀ ခုနှစ်ကစလို့ အခြေနေ အမျိုးမျိုးကြောင့် ရပ်နားထားခဲ့ရပါတယ်။

ပလက်ဝ - ဇိုရမ်ပူ ကားလမ်းဟာ ပလက်ဝဆိပ်ခံတံတားကနေ အိန္ဒိယနိုင်ငံအထိ ဆက်သွယ်သွားလာနိုင်အောင် ဖောက်လုပ်ထားတဲ့ လေးလမ်းသွား ကားလမ်းလည်းဖြစ်ပါတယ်။

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၄၈၄ သန်းရင်းနှီးမြုပ်နှံထားပြီး အိန္ဒိယ - မြန်မာချစ်ကြည်ရေးအဖြစ် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။

ပလက်ဝ - ဇိုရမ်ပူ ကားလမ်းစီမံကိန်းကို ၅ နှစ်အတွင်း အပြီး အကောင်ထည်ဖော်မယ်လို့ ၂၀၂၃ ခုနှစ် နှစ်စပိုင်းလောက်ကနေ ပြန်လည်စတင်ဖို့ လုပ်ဆောင်ခဲ့တာတွေ ရှိခဲ့ပေမယ့် ဒေသတွင်းတိုက်ပွဲတွေကြောင့် ရပ်နားခဲ့ရပြန်ပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...