အိန္ဒိယ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ချင်းပြည်နယ် ပလက်ဝမြို့နယ်အကြား ဖောက်လုပ်တဲ့ ကားလမ်းကို မီဇိုရမ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် Pu Valalvena နဲ့ အဖွဲ့က လာရောက်ကြည့်ရှု့ခဲ့ပြီး ရက္ခိုင့်တပ်တော်(AA) က လုံခြုံရေးယူပေးခဲ့တဲ့ကြောင်း ဒေသတွင်း သတင်းတွေ ဖော်ပြချက်အရသိရပါတယ်။
ချင်းပြည်နယ်ပလက်ဝမြို့နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကိုချိတ်ဆက်ထားတဲ့ လေးလမ်းသွားကားလမ်းကို ၂၀၂၀ ခုနှစ်ကစလို့ အခြေနေ အမျိုးမျိုးကြောင့် ရပ်နားထားခဲ့ရပါတယ်။
ပလက်ဝ - ဇိုရမ်ပူ ကားလမ်းဟာ ပလက်ဝဆိပ်ခံတံတားကနေ အိန္ဒိယနိုင်ငံအထိ ဆက်သွယ်သွားလာနိုင်အောင် ဖောက်လုပ်ထားတဲ့ လေးလမ်းသွား ကားလမ်းလည်းဖြစ်ပါတယ်။
ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၄၈၄ သန်းရင်းနှီးမြုပ်နှံထားပြီး အိန္ဒိယ - မြန်မာချစ်ကြည်ရေးအဖြစ် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။
ပလက်ဝ - ဇိုရမ်ပူ ကားလမ်းစီမံကိန်းကို ၅ နှစ်အတွင်း အပြီး အကောင်ထည်ဖော်မယ်လို့ ၂၀၂၃ ခုနှစ် နှစ်စပိုင်းလောက်ကနေ ပြန်လည်စတင်ဖို့ လုပ်ဆောင်ခဲ့တာတွေ ရှိခဲ့ပေမယ့် ဒေသတွင်းတိုက်ပွဲတွေကြောင့် ရပ်နားခဲ့ရပြန်ပါတယ်။







